အမုန်းတရားတွေနဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်သဘောထားတွေကို ပွင့်လင်းစွာပြောလာတဲ့ နှိုင်းယှဉ်မြင့်မိုရ်

//s9.kh1.co/05/05f4c438fa2fb220a49050dcbb2850e862c3493f.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ အောင်မြင်မှုတွေ ရရှိထားသလို စကားပြောပွင့်လင်းတာကြောင့်လည်း ပရိသတ်တွေက အချစ်ပိုအားပေးနေကြတာလည်း ဖြစ်ပါတယ်..။

နှိုင်းယှဉ်မြင့်မိုရ်ကတော့ ပြည်သူတွေနဲ့အတူ ဖေဖော်ဝါရီလအပိုင်းကတည်းက လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သလို လှူဒါန်းမှုတွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

နှိုင်းယှဉ်ကတော့ စကားပြောပွင့်လင်းသူဖြစ်တဲ့အတိုင်း အမုန်းတရားတွေ ကလဲစားချေတာတွေနဲ့ ပတ်သက်ပြီး သူမရဲ့ သဘောထားတွေကို   ပွင့်ပွင့်လင်းလင်း ရေးသားပြောပြလာပါတယ်..။

ချစ်တဲ့လူရှိသလို မုန်းတဲ့လူလည်း ရှိတာမို့ မုန်းတဲ့သူတွေကို ရင်ထဲကအမုန်းတရားတွေ ပေါ့သွားမှာစိုးလို့ ဘယ်တော့မှမဆဲသလို မကျိန်ဆဲဘဲ အချိန်စောင့်ပြီး ကလဲ့စားချေတတ်တဲ့ အကြောင်းတွေကို နှိုင်းယှဉ်က ပြောပြထားတာပါ..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

"ကျွန်မရင်ထဲက မုန်းတဲ့သူတွေဆို ဘယ်တော့မှ မဆဲဘူး..

မကျိန်ဆဲဘူး..

ရင်ထဲက အမုန်းတွေပေါ့သွားမှာစိုးလို့....

မုန်းတဲ့သူကိုမေတ္တာပို့ပေးရအောင်လည်း တရားမရှိသေးဘူး..

အချိန်တော့စောင့်တယ်.. လက်စားချေဖို့...

အဲ.... ကိုယ်မချေလိုက်ရပဲ လောကဓံကြီးက 

သူ့ကိုအပြစ်ပေးတာကို သိရရင်တော့

ကမ္ဘာပေါ်မှာ ကျွန်မအပျော်ဆုံး အကျေနပ်ဆုံးပေါ့...

အဲဒါ ကျွန်မရဲ့ စိတ်ပဲ...." ဆိုပြီး နှိုင်းယှဉ်မြင့်မိုရ်က ရေးသားပြောပြထားတာပါ..။

သူမရဲ့ပို့စ်အောက်မှတော့ ပရိသတ်တွေကလည်း ပွင့်လင်းတဲ့နှိုင်းယှဉ်ကို သဘောကျအားပေးကြတဲ့အကြောင်းတွေကို ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

Photo Credit - Nhying Shin's Fb Acc
Photo Credit - Nhying Shin's Fb Acc

သတင်း အရင်းအမြစ်Nhying Shin's Fb Acc


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T