အိမ်ပြန်မဆောက်လုပ်နိုင်သည့် ချို့တဲ့နွမ်းပါးတဲ့ ပြည်သူတွေအတွက် အိမ်တွေ ပြင်ဆင်ဆောက်လုပ်ပေးခဲ့တဲ့ ဝေဠုကျော်

//s9.kh1.co/a2/a2fa19bd36256f8e67b0c7c59866b85be7be57b8.jpeg
အနုပညာရှင်များ

 ၁၅-မေ-၂၀၂၁ ၉pm · လွန်ခဲ့သော ၃ နှစ် က

..

ဝေဠုကျော်လို့ ဆိုလိုက်တာနဲ့ အောင်မြင်တဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ဆိုတာထက် ခက်ခဲနေတဲ့ ပြည်သူတွေကို အမြဲဖေးမကူညီတတ်တဲ့ ပရဟိတမင်းသားကြီးအဖြစ် ပရိသတ်တွေတော်တော်များများ မြင်ယောင်မိကြမှာပါနော်..။

ဝေဠုကျော်ကတော့ ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားကာ ချို့တဲ့ပြီး စားဝတ်နေရေးအပြင် အစစအရာရာ ခက်ခဲနေကြတဲ့ ပြည်သူတွေကို ဖေးမကူညီလှူဒါန်းနေတာတွေကြောင့် အများရဲ့လေးစားချစ်ခင်မှုတွေကို ရရှိထားသူဆိုလည်း မမှားပါဘူး..။

Photo Credit - Wai Lu Kyaw Foundation 's Fb Page

နေ့တိုင်းလိုလို လှူဒါန်းမှုတွေ ပြုလုပ်နေတဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကတော့ ကျူးရပ်ကွက်ထဲက အိမ်ပြန်မဆောက်လုပ်နိုင်သည့် ချို့တဲ့နွမ်းပါးတဲ့ ပြည်သူတွေအတွက် အိမ်တွေ ပြင်ဆင်ဆောက်လုပ်ပေးခဲ့တာလည်း တွေ့ရပါတယ်..။

ဝေဠုကျော်နဲ့ အဖွဲ့ဟာ အလှူရှင်တွေကိုယ်စား တောင်ဥက္ကလာမြို့နယ် မြင်သာလမ်းအနီး ကျောက်ခွဲစက်ကမ်းနားမှ ချို့တဲ့ပြီး အိမ်ပြန်မဆောက်နိုင်ကြတဲ့ ကျူးအိမ်တွေအတွက် လိုအပ်သလို ပြင်ဆင်ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်..။

"15-5-2021

အိမ်၁၅လုံးပြင်ဆင်ဆောက်သည့်အလှူ 

အလှူရှင်များကိုယ်စား ဝေဠုကျော်ဖောင်ဒေးရှင်းမှ ဆောက်လုပ် ပြင်ဆင်မိုးကာ လှူပေးထားသည့် တောင်ဥက္ကလာ မြို့နယ်၊ မြင်သာ ကမ်းနား ကျောက်ခွဲစက် ကမ်းနား ကျူးအိမ်များပါ။

ဒီကျူးရပ်ကွက်လေးထဲက အိမ်ပြန်မဆောက်လုပ်နိုင်သည့် ချို့တဲ့နွမ်းပါးဆုံး ပလုံကောက် မိသားစုအိမ်များကို ရွေးချယ်ကာ ဖောင်ဒေးရှင်းမှ အသစ် ဆောက်လုပ်လှူပေး​​ဖြစ်တာက အိမ် ၅ အိမ်၊ အကြီးစား အိမ်တဝက် ပြန်ပြင်ဆင် ဆောက်လှူပေးရတာက အိမ် ၆အိမ် အကာ အခင်း လှူပေးတာက အိမ်၄အိမ် လှူပေး ဖြစ်ခဲ့ပါတယ်။

ဒီကျူးရပ်ကွက်လေး ဆောက်လုပ် လှူပေးဖြစ်အောင် မတည် အလှူရှင်များမှာ 

ဦးဝင်းမြင့် + ဒေါ်မြမြ

သမီး မတင်မိုးဟန် ၊ မသိဂီ်မြင့် မိသားစု ရတနာ နှင်းဆီအိမ်ယာ၊ ဒဂုံ ဆိပ်ကမ်းမြို့နယ် မှ ၁၀သိန်းကျပ်နှင့် အခြားသော ၇ရက် သားသမီး အလှူရှင်များဖြစ်ကြပါသည်။

တောင်ဒဂုံ မဝါဝါလေး အိမ်ဆောက်လုပ်ခြင်းမှ ပိုငွေများကို တောင်ဒဂုံ ကျူးရပ်ကွက်တံတား ပြုပြင်ဆောက်လုပ်ပေးခြင်း နှင့် တောင်ဥက္ကလာ မြင်သာကျူး အိမ်များ ပြုပြင်ဆောက်လုပ်ခြင်းထဲတွင် ထည့်သွင်း အသုံးပြုလှူပေးခဲ့ပါသည်။

အိမ်ဆောက်လုပ်အလှူ ဖြစ်မြောက်အောင် လှူဒါန်းပေးကြပါသော အလှူရှင်များအား ဖောင်ဒေးရှင်းမှ ကျေးဇူးအထူး တင်ရှိပါတယ်။

ဝေဠုကျော်ဖောင်ဒေးရှင်း

09455500010

09455500014

09776089484.." ဆိုပြီး အလှူနဲ့ပတ်သက်ပြီး ပြောပြထားတာပါ..။ 

စေတနာရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ အတူ ကိုယ်တိုင်ကိုယ်ကျ အားသွန်ခွန်စိုက် ပြုပြင်လှူဒါန်းနေတဲ့ ဝေဠုကျော်တို့ ဖောင်ဒေးရှင်းရဲ့ ကုသိုလ်ပုံရိပ်တွေကတော့ မြင်သူတိုင်းကို သာဓုခေါ် သဘောကျစေတာလည်း ဖြစ်ပါတယ်..။

သတင်း အရင်းအမြစ်Wai Lu Kyaw Foundation 's Fb Page

Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T