မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က မုန်တိုင်း ရှိတယ်လို့ သတိပေးလိုက်ပါတယ်။ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံကို မုန်တိုင်းဖြင့် ထပ်မံ နှိပ်စက်တော့မည်လော်......

'မုန်တိုင်းသတင်း

အဝါရောင်အဆင့်

၂၁-၁၀-၂၀၁၆

ည(၉း၅၃)နာရီ။

(၁) အောက်တိုဘာလ(၂၃)ရက်ညနေမှ (၂၅)ရက်ညနေ အတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့့ မုန်တိုင်းငယ်ရဲ့မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသသို့ အနီးဆုံး ချဉ်းကပ်လာနိုင်တဲ့ NWP MODEL ခန့်မှန်းလမ်းကြောင်း အရ ဧရာဝတီတိုင်းသည် မုန်တိုင်းစက်ကွင်း (Storm Field) ဖြင့် မလွတ်သည်ကို ကနဦးခန့်မျန်းချက်အရတွေ့ရပါတယ်။

(၂) အထူးသဖြင့် မြောင်းမြခရိုင်၊ ဖျာပုံခရိုင်၊ ပုသိမ်ခရိုင်တို့သည် မုန်တိုင်းစက်ကွင်း

အဖျားခတ်နိုင်သောဒေသများဖြစ်နေတာကိုတွေ့ရပါတယ်။

(၃) သို့ရာတွင် မုန်တိုင်းစက်ကွင်းအတွင်း ကျရောက် နိုင်သော Probable Danger Area တွင် လေတိုက်နှုန်း တစ်နာရီ (၃၅-၄၀)မိုင်အထိ တိုက်ခတ်နိုင်ပါတယ်။ မုန်တိုင်းဒီရေ

လှိုင်း(နာဂစ်ရေလှိုင်း) မကျရောက်နိုင်ပါ။

(၄) မုန်တိုင်းဟာ မြစ်ဝကျွန်းပေါ်အနောက်တောင်ပိုင်းအစွန်း ဒေသကို အဖျာခတ် ဖြတ်ကျော်ပြီးနောက် အိန္ဒိယနိုင်ငံဖက်အထိ ဦးတည်ရွေ့လျှားမည်ဟု ခန့်မှန်းရပါတယ်။

မှတ်ချက်။ ယခုထုတ်ပြန်ချက်သည် (၂၁-၁၀-၂၀၁၆)ရက် ညနေ(၀၆း၃၀)နာရိတိုင်းထွာချက်အရထုတ်ပြန်ပေးထားခြင်းဖြစ်ပါတယ်။ မုန်တိုင်းဟာ အချိန်နဲ့လိုက်၍ပြောင်းလဲနိုင်သဖြင့် မုန်တိုင်းသတင်းကို အမြဲမပြတ် နားဆင်ကြရန်လိုအပ်ပါတယ်။

ဒေါက်တာထွန်းလွင်' ဟူ၍ သူ့၏ ဖေ့ဘွတ်မှာ တင်ထားပါတယ်။ ဧရာဝတီတိုင်းတွင်နေတဲ့ သူများ သတိရှိစေရန်ဖော်ပြလိုက်ပါတယ်။ Myanmarload အဖွဲ့သားများက အရေးပေါ်သတင်းများကို အမြန်ဆုံ ပရိသတ်တွေသိအောင် ဖော်ပြပေးပါမယ် ခင်ဗျာ။ အားလုံး အန္တရာယ်ကင်းကြပါစေ။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။