ယခုဖော်ပြမဲ့ အကြောင်းအရာကတော့ ချစ်သူနှစ်ဦး တစ်ဦး၏ နှုတ်ခမ်းကို တစ်ဦးက နမ်းလိုက်ခြင်းဖြင့် ၁၀ စက္ကန့်ကြာတိုင််း ဗက်တီးရီးယား (Bacteria) ကောင်ရေ သန်း ၈၀ ဟာ တစ်ဦးက တစ်ဦးထံသို့ ရောက်သွားနိုင်တယ်လို့ Dutch နိုင်ငံက သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ လူငယ်စုံတွဲ ၂၁ တွဲကို လေ့လာခဲ့ပြီး ထိုအတွဲတွေထဲက တစ်ဦးစီကို လူတွေအတွက် အကျိုးပြုတဲ့ ဗက်တီးရီးယား (Bacteria) ကောင်ရေများစွာပါတဲ့ ဒိန်ချဉ်တစ်ခွက်ကို တိုက်ကျွေးခဲ့ပြီး သူတို့ကို ၁၀ စက္ကန့်ကြာ နမ်းစေခဲ့ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ ဗက်တီးရီးယား (Bacteria) ကောင်ရေ သန်း ၈၀ ဝန်းကျင်က ဒိန်ချဉ်မသောက်သူရဲ့ ပါးစပ်ထဲသို့ ရောက်သွားတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် နှုတ်ခမ်းကို နမ်းစုပ်ခြင်းဖြင့် အကျိုးပြုနိုင်တဲ့ ဗက်တီးရီးယား (Bacteria) ရှိသူ အချင်းချင်းအတွက် ကိုယ်ခံအားပိုကောင်းနိုင်သလို အန္တရာယ်ရှိတဲ့ ဗက်တီးရီးယား (Bacteria) ပိုးရှိသူအတွက်လည်း ဒုက္ခကို မျှဝေခံစားနိုင်မှာ ဖြစ်ပါတယ်။

နှုတ်ခမ်းကို နမ်းခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

- သွေးဖိအားကို လျှော့ကျစေခြင်း

- ကိုယ်ခံအားကို ကောင်းစေခြင်း

- ခေါင်းကိုက်ခြင်းနှင့် ကြွက်တက်ခြင်းကို သက်သာစေခြင်း

- တံတွေးထွက်မှုပိုမိုများစေတာကြောင့် ခံတွင်းအတွက် အထောက်အကူပေးခြင်း

- ကောင်းမွန်တဲ့ ဟော်မုန်းဓာတ်များ ဖြစ်ပေါ်စေခြင်း

- ကယ်လိုရီတွေကို လောင်ကျွမ်းစေခြင်း

- မိမိကိုယ်ကို ကျေနပ်အားရမှု/ ယုံကြည်မှု မြင့်မားစေခြင်း

- မျက်နှာကြွက်သားတွေကို အရည်အသွေး မြင့်မားစေခြင်း

- တစ်ဖက်သားကို နားလည်ပေးမှုစွမ်းရည် တိုးတက်စေခြင်း - စသည်တို့ ရရှိနိုင်ကြောင်း သိရပါသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။