ကွန်ပျူတာ Icon တွေအကြား Mouseလေးနဲ့ ပြေးလွှားရတဲ့နေ့လေးဖြစ်ပေါ်လာခဲ့လာတာက Wellcat.com ကြောင့်ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လူ့အလိုနတ်မလိုက်နိုင်ဆိုတဲ့အတိုင်း အမြဲအလုပ်ရှုပ်နေတတ်ကြတဲ့ ကျွနု်ပ်တို့တွေအတွက် ကွန်ပျူတွေအသုံးပြုရင်း ဂိမ်းဆော့ကစားရင်းနဲ့ အတိုင်းမသိ စိတ်မရှည်မှုတွေကို ပြန်လည်ဆင်ခြင်သုံးသပ်နိုင်ပြီး ဆက်လက်ပြီး စိတ်ညစ်ညစ်နဲ့ စက်လေးလွန်းတဲ့ ကွန်ပျူတာကြောင့် စိတ်ညစ်နေမလား ။ 

နှစ်စဉ် သြဂုတ်လ ၂၈ နေ့ရောက်တဲ့ အခါတိုင်း ထူးထူးခြားခြား ကိုယ်တိုင်ကျင်းပ နိုင်တဲ့ အချက်လေးတွေကိုဖော်ပြလိုက်ပါတယ်။

- သင့်အသုံးပြုနေတဲ့ Mouse က အရမ်းကိုဟောင်းနွမ်းနေပြီလား ၊ ကောင်းစွာမလုပ်နိုင်တော့ဘူးလားဆိုတာကို စစ်ဆေးပြီး အသစ်လဲလှယ်သင့်ရင် လဲလိုက်ပါ။

- Mouse အောက်ခံကိုလည်း အသစ်လဲလိုက်ပါ။

- ကွန်ပျူတာကိုလည်း သန့်ရှင်းရေးလုပ်ပေးပါ။ အပြင်ပိုင်းသန့်ရှင်းရေးကအရေးကြီးသလို အတွင်းပိုင်းသန့်ရှင်းရေးကပိုအရေးကြီးပါတယ်။ Antivirus ဆော့ဝဲလ်နဲ့ ဗိုင်းရပ်စစ်ဆေးပါ။ ပြန့်ကျဲနေတဲ့ ဖိုင်တွေကို Defragment လုပ်ပေးပါ။ မလိုအပ်တဲ့ cache ဖိုင်တွေ့ကိုရှင်းလင်းပေးပါ။ မလိုအပ်ပဲ နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့

ဆော့ဝဲလ်တွေကို ပိတ်ပြီး ကွန်ပျူ ဝန်ကိုလျော့ချပေးပါ။

- အွန်လိုင််းဂိမ်းအသစ်လေးတွေကို အင်တာနက်ကနေရှာဖွေပြီး အပန်းဖြေကစားလိုက်ပါ။

- ဗဟုသုတရဖွယ်များကို အင်တာနက်က နေ သင်ယူလေ့လာလိုက်ပါ။

- ဒီနေ့လေးမှာ ပေါ့ပေါ့ပါးပါး ကော်ဖီသောက်ပြီး အာလူးကြော်စားကာ ကွန်ပျူတာထဲက ရှုပ်နေတဲ့ Icon လေးတွေကို တစ်စုတည်းဖြစ်အောင် နာမည်ပေးပြီး Folder Icon တစ်ခုထဲမှာ ထည့်ထားလိုက်ပါ။ Folder ကိုအရောင်လေးတွေနဲ့ ခွဲခြားမှတ်သားထားနိုင်ပါသေးတယ်။

နေ့စဉ်ထိတွေ့ရမယ့် Icon တွေကို mouse လေးနဲ့ လိုအပ်သလိုမြန်မြန်ဆန်ဆန်ရွေ့လျားနိုင်အောင် လုပ်ဆောင်မလားဆိုတာကတော့ သင့်ရွေးချယ်မှုပေါ်မှာမူတည်ပါတယ်။၂၀၁ရခုနှစ် သြဂုတ်လ ၂၈ ကတော့ တနင်္လာနေ့ဖြစ်တယ်။ အဲ့နေ့မှာကွန်ပျူတာ Icon တွေအကြား Mouseလေးနဲ့ ပြေးလွှားနေတယ်ဆိုရင်တော့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျရောက်တယ်ဆိုတာကို အမှတ်ရသင့်တယ်လို့ အကြံပြုလိုက်ပါတယ်။

သတင်းအရင်းမြစ် WikIDay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။