အမေရိကန်သံရုံးဝန်ထမ်း (၇၀၀)ကျော်ကို ရုရှားနိုင်ငံထဲကနေ ထွက်ခွာဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ကြေညာလိုက်ကြောင်း BBC News မှာဖော်ပြထားပါတယ်။ 

ရုရှားနိုင်ငံအပေါ် အမေရိကန်ရဲ့ ပိတ်ဆို့မှုအသစ်တွေ ချမှတ်လိုက်တာကို လက်တုံ့ပြန်တဲ့အနေနဲ့ သမ္မတပူတင်က အခုလို ကြေညာ လို်က်တာပါ။ အမေရိကန်သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာ လူပေါင်း ၁ ထောင်ကျော် အလုပ်လုပ်နေကြပြီး အဲဒီထဲက (၇၀၀)ကျော်ကို နိုင်ငံထဲက ထွက်ခွာဖို့ သမ္မတပူတင်က ရုရှား ရုပ််သံသတင်းဌာနတခုကိုပြောကြားခဲ့ကြောင်း သတင်းမှာဖော်ပြထားပါတယ်။ 

အမေရိကန် သံရုံးဝန်ထမ်း (၇၀၀)ကျော် ရုရှားနို်င်ငံကနေ ထွက်ခွာလိုက်တာနဲ့ (၂)နိုင်ငံရှိ သံဝန်ထမ်း အရေအတွက်ဟာ (၄၀၀)ကျော် လောက်စီနဲ့ အရေအတွက် အတူတူဖြစ်သွားလိမ့်မယ်လို့ ရုရှားအစိုးရကပြောကြားခဲ့ပါတယ်။အမေရိကန်သံရုံးဝန်ထမ်းတွေကို နို်င်ငံထဲက ထွက်ခွာဖို့ ဆုံးဖြတ်ချက်ကို သောကြာနေ့က ချမှတ်လိုက်တာဖြစ်ပေမဲ့ သမ္မတပူတင်က အခုချိန်မှသာ အတည်ပြုချက် ထုတ်ပြန်လိုက်တာပါ။ အမေရိကန်သံရုံးဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထားပြီး ရုရှှားနိုင်ငံထဲကနေ ထွက်ခွာရမှာဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။