ကေဘယ်ကားတစ်စီးဟာ လမ်းတစ်ဝက်မှာ ရပ်တန့်သွားတာကြောင့် လူ(၁၀၀)ကျော်လောက် ပိတ်မိသွားတယ်လို့ BBC News မှာဖော်ပြထားပါတယ်။ 

အဆိုပါဖြစ်ရပ်ကဂျာမနီနိုင်ငံ ရိုင်းမြစ်ပေါ်မှာ ဖြတ်သန်းပြေးဆွဲနေတဲ့ ကေဘယ်ကားခရီးစဉ်မှာ ဖြစ်ခဲ့တာဖြစ်ပြီး အရေးပေါ် ဆောင်ရွက်ရေးအဖွဲ့အဆိုအရအခင်းဖြစ်ပွားချိန်မှှာပြေးဆွဲနေတဲ့ ကေဘယ်ကားအစီး(၃၀)ကျော်ရှိပြီး ကေဘယ်ကားတစ်စီးက ထောက်တိုင်တစ်ခုကို ဝင်တိုက်မိပြီးနောက် ကျန်ရှိနေတဲ့ ကေဘယ်ကားတွေ အားလုံး ရပ်တန့်သွားခဲ့တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားပြီးနောက် ကိုလွန်မြို့ မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့ကတော့ အမြင့်ပေ(၁၀၀)ကျော်ရှိ ကေဘယ်ကားအတွင်း ပိတ်မိနေသူတွေ ဆီရောက်အောင် ဝန်ချီစက်အသုံးပြုခဲ့ရတယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူတွေအားလုံးကို ဘေးကင်းလုံခြုံစွာ ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူမရှိကြောင်းသိရှိပါတယ်။

Aung

သတင်းအရင်းမြစ် BBC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။