အိန္ဒိယ-မြန်မာနယ်စပ် မဏိပူရပြည်နယ်က ကျေးရွာတစ်ရွာမှာ ခြင်ကနေတစ်ဆင့် ဖြစ်ပွားတဲ့ ရောဂါတွေကြောင့် လူ(၂၀)နီးပါး သေဆုံးသွားတယ်လို့ Firstpost ကနေဖော်ပြလိုက်ပါတယ်။

အဆိုပါသတင်းနဲ့ပတ်သက်ပြီး မဏိပူရကျန်းမာရေးဝန်ကြီး အယ် ဂျေရန်တာကူမာက အခြားဒေသတွေမှာ သေဆုံးသွားသူ(၄)ဦးကလည်း အလားတူရောဂါတွေနဲ့ပဲ သေဆုံးသွားတယ်လို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့ ဒေသတွင်း ကူးစက်မှုတွေကို စစ်ဆေးနိုင်ဖို့အတွက် နယ်စပ်မြို့တွေမှာ ကျန်းမာရေး အရာရှိတွေကို စေလွှတ်ထားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောကြားထားပါတယ်။

လူတွေ တနေရာကနေတနေရာ ကူးသန်းသွားလာနေတာကြောင့် ပြည်နယ်တွင်း တခြားနေရာ အချို့မှာလဲ ဒီရောဂါပိုးတွေ ဖြစ်ပွား နေနိုင်ခြေရှိတယ်လို ဆိုပါတယ်။ ချူရန်ချာပူရခရိုင်တစ်ခုထဲမှာပဲ ခြင်နဲ့ ပတ်သက်တဲ့ ရောဂါဖြစ်ပွားသူ (၂၀၀)ကျော် ရှိနေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန် ဘိုင်ရန် ဆင်းက အရေးအပေါ်အစည်းအဝေးမှာ ပြောပါတယ်။

Aung

သတင်းအရင်းမြစ် Firstpost

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။