ဘောလုံးလောက အတွင်း ထွက်ပေါ်လျက်ရှိသော သတင်းများအရ အင်္ဂလန် ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်၏နည်းပြ မော်ရင်ဟိုသည် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်း၏ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို အသင်း၏တောင်ပံတိုက်စစ်အတွက်ချိန်ရွယ်နေကြောင်းသိရှိရသည်။

အင်္ဂလန် ပရိးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်၏ နည်းပြမော်ရင်ဟိုသည် အသင်း၏ တောင်ပံတိုက်စစ်ကို အားဖြည့်ရန်ကြံလျက်ရှိပြီး အီတလီစီးရီအေကလပ် အင်တာမီလန်ကစားသမား ပါရီဆစ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သလို ပြောင်းရွှေ့ကြေးမြောက်များစွာဖြင့်ကမ်းလှမ်းခဲ့သည်။

သို့သော် အင်တာမီလန်အသင်းအနေဖြင့် ပါရီဆစ်ကိုရောင်းချမည်မဟုတ်ကြောင်းပြောကြားခဲ့သဖြင့် မော်ရင်ဟိုအနေဖြင့် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်း၏ တောင်ပံတိုက်စစ်မှူး ဂါရတ်ဘေးလ်ကို မျက်စိကျလာခြင်းဖြစ်ပြီး ခေါ်ယူရန်ကြံရွယ်နေခြင်းဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။