အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်း၏နည်းပြကြီး အာစင်ဝင်းဂါးအနေဖြင့် ပြင်သစ်လီဂူးကလပ် မိုနာကို အသင်း၏တိုက်စစ်မှူး သောမတ်စ်လီမာကို ခေါ်ယူရန် ၃ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့သော်လည်း မိုနာကိုကပယ်ချခဲ့သော်လည်း အာဆင်နယ်အသင်းအနေဖြင့် လက်လျော့ရန်မရှိသေးကြောင်းသိရှိရသည်။

အသက်၂၁နှစ်အရွယ်ရှိ ပြင်သစ်လက်ရွှေးစင်ကစားသမား ပြင်သစ်လီဂူးကလပ် မိုနာကို အသင်း၏တိုက်စစ်မှူး လီမာကို အာဆင်နယ်အသင်း၏နည်းပြကြီး အာစင်ဝင်းဂါးအနေဖြင့် ပြောင်းရွှေ့ကြေး ပေါင်သန်း၃ဝသန်းတစ်ခါ ပေါင်သန်း၄၅တစ်ခါဖြင့်ခေါ်ယူခဲ့သော်လည်း မိုနာကိုကပယ်ချခဲ့သလို တတိယကြိမ်ပေါင်သန်း၅ဝတွင်လည်း ထပ်မံပယ်ချခဲ့ခြင်းဖြစ်သည်။ 

မိုနာကို အသင်း၏တိုက်စစ်မှူး လီမာသည် ယမန်နှစ်ဘောလုံးရာသီက ပြင်သစ်လီဂူးကလပ် မိုနာကိုအတွက် ပြိုင်ပွဲစုံ ၅၅ပွဲ ကစားကာ ၁၄ဂိုုးသွင်းယူပြီး ဂိုးဖန်တီးမှု၁ရခါအထိရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့သော လူငယ်ကစားသမားတစ်ဦးဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။