အင်္ဂလန်ကလာတဲ့သတင်းများအရ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် ချယ်ဆီးအသင်း၏ ကွင်းလယ်လူ မာတစ်ဟာ မန်ချက်စတာယူနိုင်တက်အသင်းနှင့် သဘောတူညီမှုရခဲ့ပြီး ဆေးလည်း စစ်ဆေးပြီးစီးကာ နံပါတ်၃၁လေ့ကျင့်ရေးဂျာစီဝတ်ထားတဲ့ ပုံတစ်ပုံလူမှုကွန်ယက်ပေါ်တက်လာပြီး ယခုအခါ မန်ချက်စတာယူနိုင်တက်သို့ ရောက်ရှိခဲ့ပါပြီ။ 

မနှစ်က ချယ်ဆီးအသင်းနှင့်အတူ အင်္ဂလန်ပရီးမီးယားလိဂ်အမှတ်ပေးဖလားရယူနိုင်ခဲ့သော ကွင်းလယ်လူ မာတစ်ဟာ ဆရာဟောင်းမော်ရင်ဟို၏ မန်ချက်စတာယူနိုင်တက်အသင်းနှင့် သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးက ပေါင်သန်း၄ဝထိပေးချေခဲ့ရကာ မာတစ်ကို ၃နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုင်တက်အသင်း၏နည်းပြ မော်ရင်ဟိုအနေနှင့် အရွယ်ရလာသော အသင်း၏ကွင်းလယ်လူ မိုက်ကယ်ကာရစ်နေရာတွင် အသက်၂၈နှစ်ရှိ တပည့်ဟောင်း ကွင်းလယ်လူ နီမာဂျာမာတစ်ဖြင့်အစားထိုးရန်ရွယ်ထားခြင်းဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။