ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ရှားနိုင်ဖို့အတွက် ဒီလိုရိုးရှင်းတဲ့ အစားအစာ(၅)မျိုးက သင့်အတွက် ကြီးကြီးမားမား အထောက်အကူပြုမှာပါ။ 

၁။ တရုတ်နံနံ

တစ်ချို့တွေက တရုတ်နံနံကို အနံ့ကော၊ အရသာပါ ခံစားလို့မရပါဘူး။ ဒါပေမယ့်လဲ တရုတ်နံနံဟာ ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်တဲ့ အရွက်ဖြစ်ပြီး အဆီပါဝင်မှုမရှိသလောက်နည်းကာ၊ ရေဓာတ်အများအပြားပါဝင်ပါတယ်။ ကျန်းမာရေးအတွက် အင်မတန်ကောင်းမွန်သလို ၀ိတ်ကျဖို့်အတွကိလဲ အတော်အသုံးဝင်ပါတယ်။ တရုတ်နံနံသီးသန့်ဖျော်ရည် လုပ်ပြီး မသောက်နိုင်ရင်တောင် နေ့စဉ်စားတဲ့အစားအစာထဲမှာ ပါဝင်ထည့်စားသင့်ပါတယ်။

၂။ Green Tea

Green Tea ရေနွေးကြမ်းဟာ သင့်ခန္ဓာကိုယ်က အဆိပ်အသောက်တွေ ဖယ်ရှားပြီး အဆီပိုတွေကို ကျစေပါတယ်။ ဒါကြောင့် နေ့စဉ် သတိတရ Green Tea နှစ်ခွက်လောက်ပုံမှန်သောက်ပေးတာ ခန္ဓာကိုယ်အတွက် အင်မတန်ကောင်းမွန်ပြီး အဆိပ်အတောက်ကင်းဝေးသေပါတယ်။

၃။ ကော်ဖီ

ကော်ဖီလို့ပြောတဲ့အခါမှာ သကြားတွေပါဝင်နေတဲ့ Ready Made ကော်ဖီကိုပြောတာမဟုတ်ဘဲ သဘာဝကော်ဖီမှုန့်က ိုပြောတာဖြစ်ပါတယ်။ ဖျော်တဲ့အခါ နို့မှုန့်၊ နို့ဆီ၊ သကြားများများမသုံးဘဲ ဖျော်ပြီး တစ်နေ့နှစ်ခွက်လောက်သောက်ပေးမယ်ဆို ခန္ဓာကိုယ်က Glycogen Level ကို ပြန်လည်ထိန်းပေးပြီး ဇီဝဖြစ်စဉ်တွေကို မြန်ဆန်စေပါတယ်။ ဒါကြောင့် အားကစားမလုပ်ခင် ကော်ဖီတစ်ခွက်လောက် သောက်သုံးတာဟာ သင့်ရဲ့ခန္ဓာကိုယ်ကအဆီတွေကို ပိုမိုလောင်ကျွမ်းစေတယ်လို့ ဆိုပါတယ်။

၄။ စပ်တဲ့အစားအစာ

အစပ်တွေစားတာများရင် ဗိုက်အတွက်မကောင်းဘူးဆိုပေမယ့် အဆီမပါတဲ့ စပ်တဲ့အစားအစာအများစုကတော့ သင့်ခန္ဓာကိုယ်က အဆီတွေကို အနည်းနဲ့အများ လောင်ကျွမ်းစေပါတယ်။ ဒါပေမယ့် ဒီနည်းကတော့ အစာအိမ်ရောဂါရှိသူ၊ အူပိုင်းဆိုင်ရာ ရောဂါရှိသူတွေအတွက် မသင့်တော်ပါဘူး။

၅။ ဂျုံအစေ့အနှံနဲ့ပေါင်မုန့်များ

ဂျုံအစေ့အနှံနွေအပါအဝင် ပေါင်မုန့်တော်တော်များများကို သင်နေ့စဉ်စားနေကြ အဆီများတဲ့ အစားအစာနေရာတွေမှာ အစားထိုးစားရင် ၀ိတ်ကျနိုင်ပါတယ်။ ပေါင်မုန့်ညို၊ ဂျုံသားစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေဟာ နေ့စဉ်စားနေကြ ကယ်လိုရီများတဲ့ ထမင်းထက် သင့်ကိုပိုပြီး အထောက်အကူပြုပါတယ်။

Source : vixen daily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။