Mobile Legend pro playerတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဂိမ်း accကိုထုတ်ရောင်းခဲ့တဲ့ Burmese Ghoulsအဖွဲ့ရဲ့ Leader Ice Ice

//s9.kh1.co/e1/e1ffc7ed68fd43f8d6f870ddfbef57cfda9e8b34.jpg
အားကစားသတင်းများ

 ၀၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

Esportsလောကမှာ မြန်မာ့ဂုဏ်ဆောင်နိုင်ခဲ့တဲ့ Mobile Legendအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Burmese Ghoulsအဖွဲ့ကို ပရိသတ်တွေလည်းသိကြမယ်ထင်ပါတယ်။ Burmese Ghoulsအဖွဲ့ဟာ M2 World Championshipမှာလည်း 1st runner upရရှိထားတဲ့ မြန်မာ့ဂုဏ်ဆောင်အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ Burmese Ghoulsအဖွဲ့ကို ICE ICE, Ace, Kid, Dee, Maybe, Ruby DD, Meow and PVNDV ဆိုပြီး အဖွဲ့၀င် (၈)ယောက်နဲ့ လက်ရှိမှာဖွဲ့စည်းထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo credit-Waiyan Myint's Facebook acc
Photo credit-Waiyan Myint's Facebook acc
Photo credit-Waiyan Myint's Facebook acc
Photo credit-Waiyan Myint's Facebook acc

အခုလို Professional MLBB teamတစ်ခုအနေနဲ့ ရပ်တည်အောင်မြင်နေတဲ့ BGအဖွဲ့က လူငယ်တွေပီပီ လက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပက်သက်ပြီး ဖေဖော်ဝါရီလ အစပိုင်းတည်းကတိုင် အရေးတော်ပုံကြီးအောင်မြင်ရေးမှာ ပါ၀င်ခဲ့ကြတဲ့သူတွေပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေကလည်း စစ်အာဏာရှင်စနစ်ကို အဆုံးထိတော်လှန်နေကြသလို Chinaနဲ့ပက်သက်တဲ့အရာတွေကိုလည်း Boycottလုပ်နေကြတာဖြစ်ပါတယ်။ Boycottလုပ်ကြတဲ့နေရာမှာ Mobile Legend, Tik Tokတို့ အဓိကပါ၀င်နေပြီး မြန်မာလူငယ်တွေက appတွေကို ဖျက်ပစ်ကြကာ Chinaကို အလိုမရှိကြောင်းပြသနေကြတာလည်းဖြစ်ပါတယ်။

Photo credit-Waiyan Myint's Facebook acc
Photo credit-Waiyan Myint's Facebook acc
Photo credit-Waiyan Myint's Facebook acc
Photo credit-Waiyan Myint's Facebook acc

BGအဖွဲ့ရဲ့ Leaderဖြစ်တဲ့ Ice Iceကလည်း Mobile Legend pro playerတစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ Mobile Legend accကိုထုတ်ရောင်းလာတာတွေ့ရပါတယ်။ ဒီအကြောင်းအရာလေးတွေကို Caster Wai Waiကသူ့ရဲ့ Facebook pageမှာ "Ice Acc ပါ 25 Lakhs နဲ့ရောင်းပါမယ် ဝယ်သူတိုက်နေရင် စျေးပိုပေးသူ ကိုပေးပါ့မယ်ဗျဝယ် မယ်ဆို Page Chatbox မှာလာမေးလို့ရပါတယ်....." ဆိုပြီး‌တင်ပေးထားတာတွေ့ရပါတယ်။ အခုလို Ice Iceအနေနဲ့ game accထုတ်ရောင်းခဲ့ခြင်းအပေါ် ပရိသတ်တွေလည်းများစွာစိတ်မကောင်းဖြစ်နေကြရတာပါ။ Esportsလောကမှာ မြန်မာလူငယ်တွေအနေနဲ့ အောင်မြင်မှုရရှိလာချိန်မှာ အခုလိုအခြေအနေတွေနဲ့ကြုံတွေ့လိုက်ခြင်းက အင်မတန်ကို၀မ်းနည်းစရာကောင်းလွန်းလှပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်.....။

Photo credit-​ Caster Wai Wai's Facebook page
Photo credit-​ Caster Wai Wai's Facebook page
Photo credit-​ ICE ICE's Facebook page
Photo credit-​ ICE ICE's Facebook page

သတင်း အရင်းအမြစ်ICE ICE's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T