ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတိုင်း ကိုယ့်ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး လူတိုင်းကို ဖွင့်ပြောပြနေလို့လည်း မသင့်တော်တဲ့အခါတွေရှိတတ်ပါတယ်။ သူစိမ်းနှစ်ယောက်အဖြစ်ကနေ အရင်းနှီးဆုံးချစ်သူတွေဖြစ်လာတဲ့အခါမှာ ကိုယ့်အကြောင်းသူ့အကြောင်း ပွင့်ပွင့်လင်းလင်းပြောပြထားဖို့လည်း လိုပါတယ်။ ဒါမှသာ ပျော်ရွှင်တဲ့အချစ်ရေးမျိုးကိုပိုင်ဆိုင်ရမှာပါ။ ပျော်ရွှင်တဲ့ Relationship မျိုး ပိုင်ဆိုင်ထားတဲ့ချစ်သူတွေမှာတော့ ဒီလို အချက်လေးတွေက အတုယူဖို့ကောင်းပါတယ်။

(၁) အပြန်အလှန်နားလည်မှု

နားလည်မှုဆိုတာ သင်နဲ့သင့်ချစ်သူ ရဲ့ အချစ်ရေးအတွက် ပင်မသော့ချက်တစ်ခုလို့ပြောလို့့ရပါတယ်။ အားလုံးလည်း ကြုံဖူးကြမှာပါ။ နားလည်မှုမရှိပဲ တစ်ယောက်နဲ့ တစ်ယောက် အနိုင်ယူုဗိုလ်ကျနေလို့လည်း မဖြစ်ပါဘူး။ လူ့မှုပတ်ဝန်းကျင်မှာ ကျင်လည်နေရပြီး အလုပ်လုပ်နေရသူတွေဆိုရင်တော့ နားလည်မှုက ပိုပြီး အရေးကြီးပါတယ်.။ နားလည်မှုမရှိတဲ့ စုံတွဲတွေအတွက်တော့ နောက်ဆုံးအဆုံးသတ်က လမ်းခွဲခြင်းမှာပါပဲ။ ဒါ့ကြောင့်ကိုယ့်ချစ်သူနဲ့ ရေရှည်လက်တွဲချင်ရင်တော့ နားလည်မှုသာထားပါ။

(၂) တစ်ယောက်နဲ့ တစ်ယောက် မလှည့်စားပါနဲ့ မကစားပါနဲ့။

မကစားနဲ့ဆိုတာက မိုနိုပိုလီ ဂိမ်းကို ပြောတာမဟုတ်ဘူးနော် ။ကိုယ့်ချစ်သူကို ကိုယ့်စိတ်တိုင်းကျ အရုပ်တစ်ရုပ်လိုမသတ်မှတ်ထားဖို့ပါ။ အမြဲတမ်းသဝန်တိုနေ ချုပ်ချယ်နေတယ်ဆိုရင် သင်တို့အချစ်ရေးက အပြတ်ပြတ်နဲ့ နှာခေါင်းသွေးထွက်ရမှာစိုးလို့ပါ။

(၃) သင်တို့အချစ်ရေးမှာ ရိုးသားမှုရှိဖို့လိုအပ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီးအဆက်အသွယ်မလုပ်ပဲလည်း မနေမိပါစေနဲ့။ လိမ်ညာမှုတွေ ၊မပွင့်မလင်းနဲ့ ဖုန်းကွယ်ထားတာမျိုးတွေ မရှိဘူးဆိုရင် သင်တို့ချစ်သူနှစ်ယောက်ကြားမှာ ပိုပြီးရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေးမျိုးရရှိလာမှာပါ။

(၄)အကောင်းဆုံးတွေကိုပဲ မျှော်လင့်မထားပါနဲ့။

ဒီအချက်ကတော့ လူတိုင်းလိုလိုမှာရှိတတ်ပါတယ်။ ဘယ်သူမဆို ကိုယ့်ချစ်သူကောင်းကြောင်းတော်ကြောငး် တတ်ကြောင်းဆိုရင် ကြွားချင်ကြတာချည်းပါပပဲ။ဒါပေမယ့် ကိုယ်လက်ရှိတွေ့ထားတဲ့ ဘဝလက်တွဲဖော်က ကိုယ်မျှော်လင့်ထားတဲ့ ချစ်သူပုံစံမျိုးပြည့်စုံရမယ်လို့လည်း တပ်အပ်မပြောနိုင်ပါဘူး။ ဒ့ါကြောင့် သင့်ချစ်သူကို တခြားတစ်ယောက်နဲ့နှိုင်းယှဉ်တာမျိုး ဥပမာ သူများချစ်သူဆိုရင် ဘယ်လိုတော်တာ ဘာတွေ ဝတ်နိုင်တယ် ဝယ်ပေးနိုင်တယ်ဆိုပြီး သူ့ကို သွားမပြောမိပါစေနဲ့။ သင်ပြောတဲ့စကားအပေါ် စိတ်ကွပ်သွားနိုင်တဲ့အတွက် သင်တို့ချစ်သူနှစ်ယောက်ကြား စိတ်ပျက်ငြီးငွေ့စရာတွေဖြစ်လာတတ်ပါတယ်။ လောကမှာ ဘုရားရှင်ကလွဲလို့ ဘယ်သူမှ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိပါဘူး။

(၅) တစ်ယောက်နဲ့ တစ်ယောက် ဦးစားပေးတတ်ပါစေ။

ကိုယ့်ချစ်သူ ဘာပဲဖြစ်နေပါစေ ယောကျာ်းမိန်းမရယ်လို့ ခွဲခြားမနေပဲ အပြန်အလှန်လေးစားသမှုရှိဖို့ကလိုအပ်ပါတယ်။ ဒါက ပျော်ရွှင်တဲ့အချစ်ရေးတွေမှာ တွေ့ရတတ်တဲ့ အမူအကျင့်ကောင်းလေးတစ်ခုပါ။ အနေတွေဝေးတဲ့အခါပဲဖြစ်ဖြစ် တစ်ယောက်တန်ဖိုးကို တစ်ယောက်နားလည်သဘောပေါက်လာပါလိမ့်မယ်။

(၆) အမြဲတမ်း ရန်မဖြစ်အောင်နေပါ။

ပုံမှန်တွေ့နေကျချစ်သူရည်းစားဘဝကတော့ ရန်ဖြစ်စကားများတာကတော့ ရှိတတ်တာပါပဲ။ ဒါပေမယ့် အော်ကြီးဟစ်ကျယ် စကားများရန်ဖြစ်တာက သင်တို့နှစ်ယောက်အတွက် အကောင်းဆုုံးပြဿနာဖြေရှင်းနည်းမဟုတ်ပါဘူး။ ဒီလိုမဟုတ် သင်တို့နှစ်ယောက်ဟာ အမြဲတမ်းတစ်ယောက်ကိုတစ်ယောက် နစ်နစ်နာပြောမယ် လမ်းခွဲမယ်အကြိမ်ကြိမ်အခါခါပြောမိနေရင်တော့ ပျော်စရာကောင်းတဲ့ အချစ်ရေးမျိုးပိုင်ဆိုင်ရမှာမဟုတ်ပါဘူး။.ဒီအချက်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူတွေက ရှောင်ကြပါတယ်။

(၇)တစ်ယောက်ရဲ့ ပန်းတိုင်ကို တစ်ယောက် အပြန်အလှန်လေးစားပါ။

တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲချစ်ကြသူတွေဖြစ်စေ မျှော်လင့်ချက်တွေ ၊ရည်မှန်းချက်ပန်းတိုင်တွေကတော့ မတူတတ်ပါဘူး။ ဒါ့ကြောင့် ကိုယ့်ချစ်သူ ဖြစ်ချင်တာကိုလည်း ဦးစားပေးပါ။ တစ်ယောက်နဲ့ တစ်ယောက် အလုပ်ကြိုးစားဖို့ တစ်ယောက်အိပ်မက်ကို တစ်ယောက်က ဖြစ်အောင်တိုက်တွန်းပေးဖို့လိုပါတယ်။

(၈)ချစ်သူနှစ်ဦး တစ်ယောက်ခံစားချက်တစ်ယောက်အလေးထားပါ။

သင့်ခံစားချက် သင်ဖြစ်ချင်တာကိုပဲ အမြဲတမ်းဖိအားမပေးပါနဲ့ ရှေ့တန်းမတင်ပါနဲ့ ။ သင့်ချစ်သူ ရဲ့ ခံစားချက် သဘောထားတွေကိုလည်း နားလည်ပေးသင့်ပါတယ်။ ဒါကလည်း စစ်မှန်တဲ့ အချစ်ရေးတွေအတွက် မရှိမဖြစ်ပေါ့။ 

သတင်းအရင်းမြစ် lifehack

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။