ပရိသတ်ကြီးရေ . ဒီနေ့သြဂုတ်လ(၁)ရက်နေကတော့အဆိုတော် အေသင်ချိုဆွေရဲ့ အသက်(၂၄)နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။

သီချင်းတွေမဆိုတာကြာပြီဖြစ်တဲ့ နာမည်ကျော်အဆိုတော်မလေး အေသင်ချိုဆွေကို ပရိသတ်တွေလည်း လွမ်းနေလောက်မယ်ထင်ပါတယ်။

လေပြေ သီချင်းလေးတွေနဲ့အတူ ပရိသတ်ချစ်ခင်အားပေးမှုရရှိခဲ့တဲ့ အေသင်ချိုဆွေဟာ အရင်က ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။

လက်တလောမှာတော့ မိဘရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ ကူညီလုပ်ကိုင်ပေးနေတာဖြစ်ပြီး ပရိသတ်တွေဆီ အရင်လိုအနုပညာလှုပ်ရှားမှုတွေနဲ့ ပြန်လာဦးမယ်လို့ လူမှုကွန်ရက်မှာပြောပြဖူးပါတယ်။  

သတင်းအရင်းမြစ် Athen cho swefb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။