တစ်ခေတ်တစ်ခါကအောင်မြင်မှုတွေရရှိထားတဲ့ “ဧဒင်မြို့သားများ” များအပါအဝင် လူစိတ်ဝင်တစားအားပေးစောင့်ကြည့်တဲ့ ဇာတ်လမ်းပေါင်းများစွာ ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ ညိုမင်းလွင်က လူမှုကွန်ရက်အခြေခံကာ မြန်မာသရဲကားသစ် ကိုရိုက်ကူးသွား မည်ဖြစ်ကြောင်း ဖေ့စ်ဘွတ်ကနေ တစ်ဆင် ့ပရိသတ်ကိုပြောကြားလိုက်ပါတယ်။

ဒါရိုက်တာ ညိုမင်းလွင်က “သင်ဟာ Facebook ပေါ်မှာပြတဲ့ People You May Know ဆိုတဲ့လူတွေကို သူတို့ပြောတဲ့အတိုင်း Add Friend လုပ်လေ့ရှိပါသလား...

တကယ်လို့များ...

သင့်ရဲ့ People You May Know မှာပြနေသူတွေဟာ သေပြီးသားလူတွေဖြစ်နေခဲ့ရင်......

တကယ်လို့များ...

သင် သူတို့ကို friend request ပို့လိုက်ပြီးနောက်တစ်နေ့မှာ သင့်အိမ်တံခါးကိုလာခေါက်ခဲ့ရင်......

တကယ်လို့များ...

သူတို့ဟာ သင့်ကိုလာခေါ်နေကြတယ်ဆိုရင်......

ပရိသတ်များအားလုံးကို သရုပ်ဆောင်များမရွေးချယ်ရသေးတဲ့

ကျွန်တော့်ရဲ့ သရဲကားအသစ်နဲ့ဒီနေ့မှာမိတ်ဆက်ပေးလိုက်ပါတယ်...

Title in English - People You May Know

မြန်မာအမည် - သူတို့ပြောတိုင်းမလုပ်နဲ့ ” ဆိုပြီး ဖေ့စ်ဘွတ်မှာ တင်ထားခဲ့သလို ပါဝင်သရုပ်ဆောင်များနဲ့ အနုပညာရှင်များကို လက်ရှိမှာတော့ လျို့ဝှက်ထားဆဲဖြစ်ပါတယ်။

သရုပ်ဆောင်မင်းသမီးအဖြစ် နန်းဆုဦးပါဝင်မယ်လို့ကနေဦး သိရှိရပါတယ်။ ကျန်တဲ့ အနုပညာရှင် တွေကိုတော့ ဘယ်သူတွေပါဝင်မယ်ဆိုတာ မသိရှိရသေးပါဘူး။ဒါ့အပြင် ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေက ဆင်ဆာကျပြီးဖြစ်ကာ ရုံတင်ရက်ဆက်လက် စောင့်နေဆဲဖြစ်ကြောင်း သိရှိရပါတယ်။

Aung

သတင်းအရင်းမြစ် ညိုမင်းလွင်ဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။