တစ်ချို့လူတွေဟာ အကြောင်းအရင်းမရှိဘဲ ဗိုက်ခဏခဏဆာတတ်ပါတယ်။ အဲလိုဗိုက်ဆာတိုင်း အမြဲစားဖြစ်နေတဲ့အခါ ခန္ဓာကိုယ်မှာ မလိုအပ်တဲ့အဆီပိုတွေ စုလာတတ်တာမျိုး ဖြစ်တတ်ပြီး ကျန်းမာရေးအတွက်လဲ မကောင်းပါဘူး။ ဒါကြောင့် အမြဲဘာကြောင့် ဗိုက်ဆာနေရတာလဲဆိုတဲ့ အချက်လေးတွေကို ဖတ်ကြည့်ပြီး ကြိုးစားရှောင်ရှားနိုင်ပါတယ်။

၁။ ရေဓာတ်ခန်းခြောက်နေလို့

အစာတစ်ခုခုစားပြီး သိပ်မကြာခင်မှာပဲ ဗိုက်ဆာလာတတ်တဲ့ အကြောင်းရင်းကတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက် မရှိလို့ဘဲ ဖြစ်ပါတယ်။ ဒီအချက်ကိုရှောင်ရှားဖို့အတွက် အစာစားတာနဲ့အတူ ရေကိုလဲ ဝဝလင်လင် သောက်သုံးပေးသင့်ပါတယ်။

၂။ စားချင်စိတ်ဖြစ်တာ

တစ်ခါတစ်လေ အရသာတစ်မျိုးမျိုး၊ အစားအစာတစ်မျိုးမျိုးကို တပ်မက်ပြီး အရမ်းစားချင်တဲ့စိတ်ဖြစ်နေတတ်ပါတယ်။ ချဉ်ခြင်းတက်တယ်လို့လဲပြောလို့ရပါတယ်။ အဲလိုစိတ်မျိုးပေါ်လာပြီး ရပ်အောင်လုပ်ဖို့အတွက် ကိုယ်နဲ့နီးတဲ့ အရသာတူ အစားအစာတစ်မျိုးမျိုးကို စားလိုက်ပါ။ ဥပမာ - စပ်စပ်လေးအရမ်းစားချင်နေတယ်ဆို၊ အိမ်မှာရှိတဲ့ အစပ်နဲ့ဆိုင်တဲ့ အစားအစာတစ်မျိုးမျိုးကို စားလိုက်ပြီး အာသာဖြေနိုင်ပါတယ်။

၃။ စိတ်ပိုင်းဆိုင်ရာအရ စားချင်စိတ်ဖြစ်နေတာ

တစ်ခါတစ်လေမှာတော့ ဗိုကိအလိုလိုဆာနေတာဟာ ခန္ဓာကိုယ်ရဲ့ ချို့ယွင်းမှု၊ လိုအပ်ချက်တစ်ခုခုကြောင်းမဟုတ်ဘဲ စိတ်ထဲကသာဖြစ်နေတာပါ။ အစားအစာအကြောင်းအမြဲတွေးနေတတ်ပြီး ဘာလေးတော့စားချင်လိုက်တာ၊ ဘာလေးတော့စားလိုက်ရင်ကောင်းမှာ ဆိုပြီး အမြဲတစေတွေးနေတတ်တာမျိုးဖြစ်ပါတယ်။ ဒီလိုအတွေးတွေကို မိမိကိုယ်ကိုသာလျှင် ထိန်းချုပ်နိုင်ပါတယ်။ အစားအစာအကြောင်းတွေးမိတိုင်း ကိုယ့်ကိုကိုယ်သတိပေးပြီး တခြားအကြောင်းပြောင်းတွေးပါ။

၄။ အစားအစာကိုဆေးလိုစွဲနေတာ

ဒါကတော့ လူတော်တော်များများဖြစ်တတ်ပါတယ်။ အရသာရှိတာတစ်ခုခုစားပြီးတိုင်း စိတ်ထဲမှာမှတ်ထားတတ်ပြီး အချိန်ကျရင် ဒါလေးတော့ ပြန်စားချင်လိုက်တာဆိုပြီး ဖြစ်နေတတ်ပါတယ်။ အဲလိုအတွေးတွေက ကိုယ့်ကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ အစားအစာကို ခန္ဓာကိုယ်အတွကိ လိုအအ်တဲ့ပမာဏလောက်သာစားပြီး ပါးစပ်အရသာမခံမိဖို့ အရေးကြီးပါတယ်။

၅။ အမြန်စားတတ်တာ

သိပ္ပံနည်းကျပြောရရင် သင်အစားစားတာမြန်တဲ့အခါ စားပြီးတာတောင်မှ ခန္ဓာကိုယ်ကနေ ဗိုက်တင်းနေပြီလို့ အချက်ပြပေးတဲ့ ဟော်မုန်းလုံလုံလောက်လောက်မပြနိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် အစားကို ဖြေးဖြေးနဲ့ပုံမှန်သာစားသင့်ပါတယ်။

၆။ အရက်သေစာသောက်သုံးခြင်း

ကျွမ်းကျင်ပညာရှင်တွေ ပြောကြားချက်အရ အရက်သောက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Ghrelin ဆိုတဲ ဟော်မုန်းကို မြှင့်တင်ပေးပြီး အစာစားချင်စိတ်ဖြစ်အောင် လုပ်ပေးတယ်လို့ဆိုပါတယ်။

၇။ အိပ်ရေးမဝတာ

ဗိုက်ပြည့်ပြီလို့ အချက်ပြပေးမယ့် Leptinဆိုတဲ့ ဟော်မုန်းကို အပ်ရေးပျက်တာများတဲ့အချိန် ခန္ဓာကိုယ်ကနေ လုံလုံလောက်လောက် မထုတ်ပေးနိုင်ပါဘူး။ ဒါကြောင့် သင့်ခန္ဓာကိုယ်က အစာထပ်စားဖို့လိုတယ်ထင်တဲ့အတွက် စိတ်ထဲမှာ ဗိုက်ဆာတယ်လို့ပဲ ခဏခဏတွေးနေမိမှာပါ။

၈။ ပတ်ဝန်းကျင်ကြောင့်

ဘယ်လောက်ပဲ အစာရှောင်ပါစေ၊ ပတ်ဝန်းကျင်က သူငယ်ချင်းတွေ မိသားစုတွေ စားနေတာမြင်တဲ့အခါ လိုက်စားမိတာပါပဲ။ ဒါကို သတိထားပြီး လျှော့စားဖို့တော့ လိုအပ်ပါတယ်။

၉။ TV အကြည့်များတာ

တစ်နေရာတည်း ငြိမ်ငြိမ်လေးနေပြီး TV ထိုင်ကြည့်ရင်း အမြဲ မုန့်တစ်ခုခု လက်ထဲမှာကိုင်ထားရမှ ကျေနပ်တတ်ကြတာချည်းပါပဲ။ TVကို အာရုံရောက်နေတဲ့အချိန် လက်ထဲကမုန့်ဘယ်လောက်ဝင်သွားလဲ၊ ဘာ်လိုတောင် ကုန်သွားလဲ သတိထားမိမှာမဟုတ်ပါဘူး။ ဒါကြောင့် TV ခဏခဏကြည့်တာဟာ၊ သင့်ကို အစာခဏခဏစားအောင်၊ ဗိုကိဆာလာအောင် တိုက်တွန်းနေတာနဲ့ တူတူပါပဲ။

၁၀။ မနက်စာ မစားဖြစ်တာ

မနက်စာက သင့်ရဲ့တစ်နေ့တာအတွက် အရေးကြီးဆုံးပါ။ မနက်စာမစားဖြစ်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်တွေ နှေးကွေးသွားပြီး တစ်နေ့တာလုံး သင့်ကို ဗိုက်ဆာအောင်၊ အစာပိုစားအောင် လှုံ့ဆော်ပေးနေမှာပဲ ဖြစ်ပါတယ်။

၁၁။ အစားအသောက်လျှော့စားတာ

ပိန်ချင်လို့ အစားရှောင်စားတာက သင့်ကိုယ်သင်နှိပ်စက်နေသလိုဖြစ်ပြီး ဗိုက်ပိုဆာနေတတ်စေပါတယ်။ ဒါကြောင့် အစားအစာကို ပုံမှန်အတိုင်းစားပြီး လေ့ကျင်းခန်းနဲ့ ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပေးတာဟာ အသင့်တော်ဆုံး နည်းလမ်းဖြစ်ပါတယ်။

၁၂။ ပီကေဝါးတာ

ပီကေဝါးတဲ့အချိန် ခံတွင်းကနေ တံထွေးပိုပြီးထုတ်လုပ်ပါတယ်။ တံထွေးတွေကိုမြိုချတဲ့အခါ ဗိုက်ထဲရောက်သွားပြီး အစာစားချင်စိတ်ဖြစ်လာပါလိမ့်မယ်။ ဗိုက်ဆာလို့ ပီကေဝါးတာရာမှ ဗိုက်ပိုဆာတယ်ဆိုတာမျိုး မဖြစ်သင့်ပါဘူး။ ဒါကြောင့် ပီကေအစား သစ်သီးလေးတစ်လုံးလောက် စားနေလိုက်တာက သင့်ကို ပိုပြီး ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်ပါတယ်။

Source : vixen daily

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။