ကလေးသရုပ်ဆောင် ဘဝထဲကစလို့ ပရိသတ်ချစ်ခင်အားပေးမှုရရှိထားတဲ့ သရုပ်ဆောင်အိစိကွေး ဟာ တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်မြင်သွားပြီဖြစ်လို့ အနုပညာအလုပ်တွေဘက်ကို ပြန်ပြီး အာရုံစိုက်တော့မယ့်ပုံပါပဲ။

ဆယ်ကျော်သက်သာရှိသေးတဲ့ သရုပ်ဆောင်အိစိကွေးဟာ ပရိသတ်တွေသိထားသလို သရုပ်ဆောင်ပိုင်းမှာပဲ ထူးချွန်တာမဟုတ်ပါဘူး။ အဆိုပိုင်းမှာလည်း ၀ါသနာပါသူဖြစ်ပါတယ်။

သီချင်းဆိုရတာလည်း နှစ်သက်တဲ့ အိစိကွေးဟာ မကြာမီ သူ့ရဲ့သီချင်းသစ်လေးတွေကို ပရိသတ်တွေကို ချပြဖို့ရှိတယ်လို့ Myanmar Posh Magazine မှာ ပြောသွားပါတယ်။ 

သရုပ်ဆောင်အိစိကွေးက သီချင်းအသစ်များကိုOnline တွင်ချ ပြသွားရန်စီစဉ်ထားကြောင်းပြောပါတယ် ။

'' သီချင်းလေးတွေကို Online ကနေတင်ထားတာ(၃ ) ပုဒ်လောက်ရှိပြီး ပရိတ်သတ်တွေကတော့သဘောကြတယ် ။အားပေးကြတယ် ။ Mtv လေးတွေကိုပါကြည့်ချင်တယ် ဆိုတဲ့အတွက် တစ်ပုဒ်ကိုတော့ Dancer နဲ့တွဲဖက်ပြီး Mtv ရိုက်ပြီးတင်ပေးထားတယ် ။ Pop နဲ့ Edm ပုံစံလေးတွေကိုသဘောကြတယ် ။တစ်ကိုယ်တော်အခွေ ထွက်နိူင်ဖို့

တော့စိတ်ကူးရှိတယ် ။ဒါပေမဲ့ ကြိုးစားရအုံးမယ် ။အချိန်လည်းသေချာယူရမယ် ။သရုပ်ဆောင်ပိုင်းကိုတော့မလုပ်ဖြစ်သေးဘူး။ အဆိုပိုင်းဘက်ကိုလုပ်ဖြစ်နေတယ် '' လို့ပြောပါတယ်

သတင်းအရင်းမြစ် myanmar Posh mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။