မေမြတ်နိုးကတော့ အသက်ငယ်ရွယ်သေးပေမယ့် သူမရဲ့ ထက်မြက်တဲ့အရည်အချင်းကြောင့် နာမည်ကျော် Asia's Next Top Model ပြိုင်ပွဲထိတောင် သူမရဲ့ Talent တွေထုတ်ပြနိုင်ခဲ့တဲ့သူပါ ။ ယခုလည်း သြဂုတ်လအတွင်းမှာ ကိုရီးယားနိုင်ငံမှာ ပြုလုပ်မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အခမ်းအနားမှုပြုလုပ်ဖို့ ကမ်းလှမ်းခြင်း ခံထားရတယ်လိုလည်း သိရပါတယ်။

‘‘ကိုရီးယား Bleu Mont အင်တာတိန်းမန့်နဲ့ အလုပ်လုပ်ဖို့ စကားပြောထားတယ်။ သူတို့နဲ့ ကြော်ငြာတစ်ခုတော့ ရိုက်ပြီးသွား ပြီ။ နောက်ပြီး သူတို့ဘက်မှာ အ နုပညာလှုပ်ရှားမှုတွေလုပ်ဖို့ စာ ချုပ်ချုပ်ဖို့လ ည်း ရှိတယ်။ အဲဒီအ တွက် ပထမတစ်ခေါက် အနေနဲ့ ကိုရီးယားမှာ Flim Award ပွဲတစ် ပွဲမှာ MC လုပ်ဖို့ကမ်းလှမ်းထားလို့ အဲဒါသွားဖို့လည်း ဗီဇာလျှောက် ထားပါတယ်’’ လို့ 7day Daily ကအင်တာဗျူးတစ်ရပ်မှာဖြေဆိုထားပါတယ် ။ 

စင်ကာပူနိုင်ငံက အေဂျင်စီနှစ်ခုနဲ့လည်း အလုပ်လုပ်ဖို့ အစီအစဉ်ရှိသလို နိုင်ငံခြား နာမည်ကြီးအဆိုတော် တစ်ယောက်ရဲ့ Music Video မှာလည်း ပါဝင်ရမယ်လို့ သိရပါတယ်။ လတ်တလောမှာလည်း ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးမယ့် သူမလေးဟာ Miss Asia Pacific World 2014 ရဲ့ Winner သရဖူကိုအရယူနိုင်ခဲ့ပြီးမှ သရဖူနဲ့ပါတ်သတ်တဲ့နောက်ဆက်တွဲဖြစ်ရပ်များစွာကိုကြုံခဲ့ရပေမယ့် ထိုကိစ္စရပ်တွေအပြီးမှာတော့ ပရိတ်သတ်ကပိုမိုချစ်ခင်အားပေးခြင်းကိုခံခဲ့ရသူတစ်ဦးလဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် May Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။