မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသားထဲကတစ်လက်ဖြစ်တဲ့ပြေတီဦးကတော့ ဖောင်ဒေးရှင်းထောင်ပြီး ပညာရေးမှာ လှုဒါန်းနေတာအားလုံးသိပြီးဖြစ်မှာပါ ။

H1N1 ရောဂါပိုးကာကွယ်နိုင်ဖို့ သူကိုယ်တိုင် ဘယ်သွားသွား Mask တပ်သွားပြီး ပရိတ်သတ်တို့ကိုလည်း Mask တပ်ဖို့ သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် သတိပေးနေတဲ့ ကိုပြေတီဦးကတော့ Mask တွေကို ကိုယ်တိုင်ကိုယ် လိုက်လံလှုဒါန်းလိုက်ပြန်ပါပြီ ။ 

" ကျွန်တော်တို့ပြေတီဦး ပညာရေးဖောင်ဒေးရှင်းမှ N 95 MASK များကို အမှန်တကယ်လိုအပ်လျက်ရှိသော ဆေးရုံများ သို့ လှူဒါန်းသွားမှာ ဖြစ်ပါတယ်..

၃၁.၇.၂၀၁၇ ရက်နေ့တွင် ရန်ကုန်ကလေးဆေးရုံကြီး နှင့် အနောက်ပိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ MASK များ လှူဒါန်းခဲ့ပါတယ်..

ဆရာ ဦးရဲမြင့်ကျော် နှင့် ဆေးရုံအုပ်ကြီး ဒေါ်စုစုဒွေး တို့နှင့် တွေ့ဆုံပြီး ဖောင်ဒေးရှင်း အဖွဲ့ဝင်များမှ လှူဒါန်းခဲ့ပါတယ်..

အများကြီးမဟုတ်သော်လည်း အုတ်တစ်ချက် သဲတစ်ပွင့် လောက်ပါဝင် လှူဒါန်းခွင့်ရတာကို ဝမ်းသာမိပါတယ်..

မိဘပြည်သူများအားလုံး ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ... " လို့ သူကဆိုခဲ့ကာ 

ပြေတီဦး ဖောင်ဒေးရှင်းအနေနဲ့ရန်ကုန်ကလေးဆေးရုံကြီး ကြီးကြပ်ရေးအဖွဲ့ကို N95 Mask အလုံး ၂ဝဝဝနဲ့ အနောက်ပိုင်းခရိုင်ပြည်သူ့ဆေးရုံကြီးသို့ N95 Mask ၁၃၆၀ နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ N95 Mask ၃ဝအပြင် ရုပ်ရှင်ရိုက်ကွင်းက စက်မှုလုပ်သားများအတွက် အလုံး၁ဝဝတိတိကို လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် Mask တွေ ဘယ်လိုအသုံးပြုရလဲ ဆိုတာတွေ ကိုလည်း လက်တွေ့အသုံးပြု ပြသပေးနေတာကိုလည်း ပြေတီဦးဖောင်ဒေးရှင်းရဲ့ တရားဝင်စာမျက်နှာကတစ်ဆင့်တွေ့ရှိရပါတယ် ။

ပြေတီဦးကတော့ ယခုလက်ရှိမှာ " ရှင့်ကိုမုန်းတာဆယ့်နှစ်ခါ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးနေပြီး အကယ်ဒမီဆု လေးဆုကို ပိုင်ဆိုင်ထားပြီးသူလဲဖြစ်ပါတယ် ။ 

သတင်းအရင်းမြစ် Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။