ဖေ့ဘွတ်တစ်ခွင်မှာ အောင်မြင်ကျော်ကြားနေတဲ့ မအေးသောင်းကတော့ သူ့ရဲ့ ငယ်ဘဝကလျို ့ဝှက်ချက်လေးကိုထုတ်ဖော်ပြောကြားလိုက်ပါတယ် ။

မြန်မာဝတ်စုံလေးတွေနဲ့လိုက်ဖက်လွန်းတဲ့ ကိုယ်လုံးနဲ့ပါတ်သတ်ပြီး

" ကိုယ်လုံးနဲ့ပါတ်သတ်ပြီး ငယ်ငယ်တုန်းကရှက်လွန်းလို့ တင်ပါးကိုလွယ်အိတ်နဲ့ဖုံးပြီး လျှောက်ခဲ့ရတာ ခုထိတောင်လူကြားထဲသွားရင်လုပ်ဖြစ်နေသေးတယ် ။ ဒါကို ဂုဏ်ယူစရာထက် ရှက်နေသေးတယ် ။ ငယ်ငယ်ကဘောင်းဘီတိုလေးဝတ်ရင် ပေါင်နောက်မှာ အဆီမရှိတော့ လှတယ် ။ ခုတော့မလှတော့ဘူး ။ ဒါကြောင့်လဲ မြန်မာဝတ်စုံလေးတွေ ပိုဝတ်ဖြစ်နေတာလဲဖြစ်ပါတယ် ။ အချစ်ရေးကတော့ ပုံမှန်ပါပဲ " လို့ သူမက Oasis Journal ရဲ့ အင်တာဗျူးတစ်ခုမှာဆိုသွားပါတယ် ။ 

မအေးသောင်းဟာ ပရိတ်သတ်နဲ့ ခဏတာ အဆက်ပြတ်သွားခဲ့စဉ်က နိုင်ငံခြားသွားတာမဟုတ်ဘဲ ဒီမှာပဲကျောင်းတတ်နေခဲ့တာလို့ဆိုပါတယ် ။ ခုလက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ မင်္ဂလာရှိသောအရပ် ဇာတ်လမ်းတွဲလေးကိုရိုက်ကူးနေပြီး ဆရာမလေး ဇာတ်ရုပ်နဲ့ဝင်ရောက်သရုပ်ဆောင်နေတာဖြစ်ပါတယ် ။

အပြင်စီးပွားရေးလုပ်ငန်းအဖြစ် မြန်မာဝတ်စုံပိတ်စဆိုင်လေးဖွင့်ထားတဲ့ မအေးသောင်းက ဆိုင်ထိုင်နေရင်း နေ့တိုင်းဝတ်ဖြစ်တဲ့ မြန်မာဝတ်စုံလေးတွေနဲ့ နေရာလှလှလေးတွေမှာ ဓါတ်ပုံရိုက်ကူးပြီး Facebook ပေါ်တင်ရာကစ လူတွေရဲ့ အားပေးမှုကို တကျော့ပြန်ပြန်လည်ရရှိခဲ့တာပဲဖြစ်ပါတယ် ပရိတ်သတ်ကြီးရေ ... 

သတင်းအရင်းမြစ် Oasis Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။