ပရိတ်သတ်အချစ်တော် Presenter တစ်ဖြစ်လဲ သရုပ်ဆောင် ကျော်ထက်အောင်က သူ့ကိုဝန်းရံကြတဲ့ နှုတ်ခမ်းနီမလေးတွေ ရင်ခုန်အောင်လုပ်ချလိုက်ပြန်ပါပြီ ။ အဖြူရောင် သတို့သားဝတ်စုံနဲ့သန့်ခန့်နေတဲ့သူက သတို့သမီးအလိုရှိနေပြီး ၃ လအစမ်းခန့်ပါမည် လို့ သူ့ရဲ့ လူမှုကွန်ယက်ကနေ ဆိုလိုက်တာပါ ။

ဒါဟာတကယ်တော့ ဟာသလုပ်တာပါတဲ့ ။ Myanmar Idol Season 1 ပြိုင်ပွဲဝင် ဆိုဖီယာအဲဗားရက် နဲ့ အတူ Wedding Palace One Stop Wedding ကြော်ငြာရိုက်ကူးနေတဲ့ ရိုက်ကွင်းပုံရိပ်တွေကို တင်ရင်းနဲ့ ပရိတ်သတ်တွေကို သူက စနောက်လိုက်တာပဲဖြစ်ပါတယ် ။ ထိုစနောက်မှုအပေါ် ပရိတ်သတ်တွေကတော့ အမျိုးမျိုးပြန်လည်ပြောဆိုပြီးနောက်ပြောင်နေကြတော့တာပါ ။ စန်းကောင်းတဲ့ ကျော်ထက်အောင်ဟာ Myanmar Idol ဆိုတာနဲ့ သူ့ကိုပြေးမြင်ကြလောက်အောင် ၊ သူပြောတဲ့ ခဏနေပြန်လာခဲ့ပါ့မယ် ဆိုတဲ့ စကားလေးဟာ ဗန်းစကားတစ်ခုအဖြစ် ရေပန်းစားသွားရလောက်အောင် အောင်မြင်ခဲ့ပြီး သရုပ်ဆောင်အလုပ်တွေကို စတင်လုပ်ကိုင်ချိန်မှာလည်း ပရိတ်သတ်တွေက အခိုင်အမာ ဝန်းရံနေကြတုန်းပဲဖြစ်ပါတယ် ။

သတင်းအရင်းမြစ် Kyaw Htet Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။