အမျိုးသားအဆိုတော်တစ်ဦးရဲ့ အိမ်ထောင်ရေးကို ဝင်ရောက်နှေင့်ယှက်တယ်လို့ ဖေ့ဘုတ်ပေါ်မှာ ပွက်လောရိုက်ခဲ့ပြီးနောက် ၀ိုင်းစုခိုင်သိန်းတို့လင်မယား ကွာရှင်းပြတ်စဲခဲ့ပါတယ်ဆိုတဲ့ သတင်းစာထဲမှ ကြေညာချက်ကို ရိုက်ထားတဲ့ဓာတ်ပုံဟာ ပရိသတ်တွေကြားမှာ ပျံ့နှံခဲ့ပါတယ်။

အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်ရင်ထဲရောက်အောင် သီချင်းတွေဆိုတဲ့ ၀ိုင်းစုဟာ မကြာသေးခင်က လူမှုရေးအရှုပ်အထွေးတွေကြောင့် ဝေဖန်ခံခဲ့ရပြီး ယခုအခါ ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းခဲ့တဲ့သတင်းစာပါ ကြေညာချက်တစ်ခု အွန်လိုင်းပေါ်မှာ ပျံနှံ့လာခဲ့ပါတယ်။

သတင်းစာပါဓာတ်ပုံကတော့ Photoshop လုပ်ထားပုံမပေါ်ပါဘူး။ ဒါကြောင့် သတင်းအမှန်ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။ သိုသိုဝှက်​ဝှက်​များ ကွာရှင်းခဲ့တာလား ပရိသတ်တွေက သိချင်နေကြပါတယ်။

လူမှုကွန်ယက်မှာ ပျံ ့နှံ ့နေတဲ့ သတင်းတွေ၊ ဝေဖန်မှုတွေဟာ သူမရဲ့တေးစီးရီးသစ် " ဂါ " နဲ့ မကြာခင်ပြုလုပ်တော့မာ့် တစ်ကိုယ်တော်ရှိုးပွဲကို ထိခိုက်နိုင်သလားဆိုတာ စောင့်ကြည့်ရမယ့်သဘောမှာရှိပါတယ်။

Source : facebook

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။