ယခုလက်ရှိရုံတင်ထားပြီး အောင်မြင်မှုရရှိနေတဲ့ ဇာတ်ကားကတော့ ည ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ် ။

ထို ဇာတ်ကားဟာ ယခင်လမ်းကြောင်းဟောင်းတွေက သွေဖယ်ပြီး အသွင်သစ် Idea အသစ်တွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်သလို

သွားကြည့်တဲ့ ပရိတ်သတ်တွေရဲ့ Review ကောင်းတွေကို ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။

များသောအားဖြင့် ရုပ်ရှင်ဇာတ်ကားအများစုကို နာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ပဲ ရိုက်ကူးကြပေမယ့် ထိုဇာတ်ကားရဲ့ ထူးခြားချက်ကတော့ မျက်နှာသစ် သရုပ်ဆောင်တွေချည်းပဲ ၁၀ ဦးကို သရုပ်ဆောင်အဖြစ်ပွဲထုတ်လိုက်တာပါ ။ ထိုနည်းတူပဲ မြန်မာနိုင်ငံရဲ့ လူသိများတဲ့ သူဠေးကြီးတစ်ဦးဖြစ်တဲ့ ဦးတေဇရဲ့

တစ်ဦးတည်းသော သမီးလေး ရေချယ်တေဇ ရဲ့ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုထားတဲ့ " မြစ် " ဆိုတဲ့ဇာတ်ဝင်တေးသီချင်းပါ လူကြိုက်များလာခဲ့တာကိုတွေ့ရပါတယ် ။ ထိုသီချင်းလေးကို Myanmarload ပရိတ်သတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်နော် ။

သတင်းအရင်းမြစ် Cele wiki

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။