သရုပ်ဆောင် သွန်းဆက်ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းက ရိုက်ကွင်းတစ်ခုမှာ ပြေတီဦးရဲ့ စနောက်မှုကြောင့် လူတွေအများကြီးရှေ ့မှာပဲ ငိုကြွေးနေခဲ့တဲ့ Video File လေးတစ်ခု အွန်လိုင်းပေါ်ပျံနှံလာခဲ့ပြီး ပရိတ်သတ်စိတ်ဝင်စားမှုခံခဲ့ရပါတယ် ။ အစအနောက်သန်တယ်လို့ နာမည်ကြီးတဲ့ ပြေတီဦးကတော့ သွန်းဆက်တင်မကဘဲ အခြားအနုပညာရှင်များကိုပါ စနောက်နေလေ့ရှိတတ်သူပါ ။ ငိုတောင်ငိုသွားရတဲ့ အဖြစ်အပျက်နဲ့ပါတ်သတ်ပြီး ပရိတ်သတ်တွေက ဘယ်လိုတောင်စလိုက်လို့လဲလို့ သိချင်နေကြချိန်မှာ သွန်းဆက်ကတော့ သူမ ငိုခဲ့ရတဲ့အကြောင်းရင်းကို Sunday Journal ရဲ့ အင်တာဗျူးတစ်ခုမှာ အောက်ပါအတိုင်းပြောပြသွားပါတယ် ။ 

“ဒါကတော့ ကိုပြေတီက ညီမကိုစတာ၊ သွန်းဆက်ကလည်းတစ်ခုခုဆိုကိုယ့်ကိုစလို့ မနိုင်တော့ဘူးဆိုရင် အော်ငိုတတ်တဲ့အကျင့်ရှိတယ်။ ငယ်ငယ်လေးကတည်းကလည်း ကိုယ့်ကိုယ်သူများကစ၊ ကိုယ်က ပြန်ပြော အဲ့ဒီလိုပြောရင်းနဲ့မှ မနိုင်တော့ဘူးဆိုရင်ချုံးပွဲချငိုတော့တာပဲ။ အခုလည်းရှုတင်မှာ ဘာအကြောင်းမှထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ ဒီလိုပဲစရင်းနောက်ရင်းနဲ့ငိုမိသွားတာပါ” တဲ့ ။

ကလေးလေးလို ချစ်ဖို့ကောင်းတဲ့ မင်းသမီးလေးပါပဲနော် ... လတ်တလောမှာတော့ သွန်းဆက်ဟာ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးတဲ့ ဟာသဇာတ်ကားမှာ ပြေတီဦး ၊ နေဒွေး ၊ အိချောပို တို့နဲ့ အတူ တွဲဖက်သရုပ်ဆောင်နေတယ်လို့ သိရပါတယ် ။ နောက်ရိုက်မယ့် ဇာတ်ကားကတော့ ထူးခြားတဲ့ ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာဖြစ်ပြီး ထိုဇာတ်ကားအတွက် ခံစားချက်ကိုလည်း အောက်ပါအတိုင်းပြောပြထားပါတယ် ပရိတ်သတ်ကြီးရေ ...

“သွန်းဆက် နောက်ရိုက်မယ့်ဇာတ်ကားမှာ တစ်ခါမှမလုပ်ဖူးတဲ့ ဆင်းဆင်းရဲရဲစုတ်စုတ်ပြတ်ပြတ်နဲ့ ကလေးနှစ်ယောက်အမေ ကာရိုက်တာမျိုးသရုပ်ဆောင်ထားပါတယ်။ သွန်းဆက်ရဲ့ကလေးလေးတွေက အမှိုက်ကောက်တဲ့ကလေးတွေ ပုံစံမျိုးတွေသရုပ်ဆောင်ရမှာပါ။ ကာရိုက်တာကိုပီပြင်အောင် လုပ်ရမှာဆိုတော့ တော်တော်တာဝန်ကြီးတယ်လို့ ခံစားမိပါတယ်။ လမ်းဘေးအမှိုက်ကောက်၊ ကော်ရှုတဲ့ကလေးလေးတွေရဲ့မိခင်အဖြစ် ရိုက်ရမှာဆိုတော့ ကိုယ့်ကာရိုက်တာအတွက် နည်းနည်းတော့ကြောက်မိပါတယ်။ ကလေးနဲ့မိခင်ကြားထဲက မိဘမေတ္တာဖော်ကျူးတဲ့ဇာတ်ကားမျိုးပေါ့နော်။ အခုတောက်လျောက်တော့ ရုပ်ရှင်ကားကြီးတွေဆက်တိုက်ရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားတွေက ဒီနှစ်ကုန်ခါနီးလောက်ကျရင် ဆက်တိုက်ရုံတင်တော့မှာပါ။ ရုံတင်တဲ့အခါကျရင်လည်း ဝေဖန်အကြံပြုပေးကြပါဦး” လို့သူမကဆိုပါတယ် ။ 

သတင်းအရင်းမြစ် Sunday Journal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။