လိင်အကြမ်းဖက်မှုတွေရှိပေမယ့် တရားဥပဒေကနေလွတ်မြောက်နေတဲ့ ရာဇဝတ်သားတွေကို ထိရောက်စွာအရေးယူနိုင်ဖို့ ပြောလာတဲ့ ဒေါင်း

//s9.kh1.co/68/685de19e67d7dd51db772d4a36528f8bbccb3c22.jpeg
အနုပညာရှင်များ

 ၁၀-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

..

သရုပ်ဆောင်မင်းသားချောဒေါင်းကတော့ ဖေဖော်ဝါရီလ တစ်ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့ တော်လှန်ရေးအရေးတော်ပုံကြီးမှာ ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပါဝင်နေသူပဲ ဖြစ်ပါတယ်..။

၅၀၅ က ဖြင့် အရေးယူခြင်းခံထားရတဲ့ ဒေါင်းကတော့ လက်ရှိမှာလည်း တတ်နိုင်သလောက် လှုပ်ရှားမှုတွေ ပြုလုပ်နေပြီး NUG ရဲ့ TV Channel မှာ အစီအစဉ်တင်ဆက်သူအဖြစ် လုပ်ဆောင်နေသူလည်း ဖြစ်ပါတယ်..။

Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page

ဒေါင်းကတော့ ဒီကနေ့မှာလည်း လိင်အကြမ်းဖက်မှုတွေနဲ့ မုဒိမ်းစစ်တပ်အမြစ်ဖြတ်စေဖို့ ပြည်သူအားလုံးပါဝင်ကြဖို့ ထိထိမိမိတိုက်တွန်း ပြောပြလိုက်ပြန်ပါတယ်..။

မြန်မာပြည်အတွင်း ဖက်စစ် စစ်တပ်ရဲ့ လိင်အခြေပြု အကြမ်းဖက်မှုတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ပေမယ့် အရေးယူခြင်းမခံရဘဲ တရားစီရင်ရေးမှ လွတ်မြာက်နေတာကြောင့် နိုင်ငံတကာက ထိရောက်စွာ အရေးယူနိုင်ဖို့ တောင်းဆိုမှုမှာ ပြည်သူတွေကို ပါဝင်ကြဖို့ တိုက်တွန်းထားတာပါ..။

Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page

"လိင်အကြမ်းဖက်ချက်ချင်းရပ်၊ မုဒိမ်းစစ်တပ်အမြစ်ဖြတ်"

"မြန်မာပြည်အတွင်း ဖက်စစ် စစ်တပ်၏ လိင်အခြေပြု အကြမ်းဖက်မှုများအား လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ကျူးလွန်ခဲ့သော်လည်း ၎င်းတို့သည် တရားစီရင်ရေးမှ နှစ်ပေါင်းများစွာ လွတ်မြောက်နေသည်။ ဤကဲ့သို့ ကျူးလွန်နေမှုများအား နိုင်ငံတကာမှ သိရှိပြီး အဆိုပါ လိင်ရာဇဝတ်သားများအား ထိရောက်စွာအရေးယူနိုင်ရန် တောင်းဆိုမှု၌ သင်ကိုယ်တိုင်ပါဝင်လိုက်ပါ။"

“End Sexual Violence, Stop Rapist Army”

“Members of Tatmadaw have been perpetrating sexual violence for years and those responsible are yet to be brought to justice. Join with us to bring global attention to this gross violence against our women and girls and call for the swift persecution of these criminals.” ဆိုပြီး ဒေါင်းက အသိပေးရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

အကြမ်းဖက်မှုတွေနဲ့အတူ အမျိုးသမီးတွေအပေါ်  ရက်စက်ဆိုးရွားလွန်းလှတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေပပျောက်ဖို့ ပြည်သူအားလုံး တတ်နိုင်သလောက် ပါဝင်တိုက်ထုတ်ကြဖို့ တိုက်တွန်းကြရအောင်နော်..။

Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page
Photo Credit - DAUNG - ဒေါင်း Fb Page

သတင်း အရင်းအမြစ်DAUNG - ဒေါင်း Fb Page


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T