ယနေ့ August2 ရက်နေ့ဟာဆိုရင်ဖြင့် rockအဆိုတော် fokkerရဲ့ ၃၁နှစ်ပြည့် မွေးနေ့လေးဖြစ်ပါတယ်။ဟန်ပန် မာန်အပြည့်နဲ့ သီဆိုမှူတွေကို ပရိသတ်အကြိုက်တွေ့စေခဲ့တာပါ။သူ့ရဲ့သီချင်းတိုင်းဟာ ပရိသတ်တွေရင်ထဲရောက်စေခဲ့ပါတယ်။အိမ်ပြေးသီချင်းနဲ့အတူ ပရိသတ်တွေအားပေးမှုရရှိခဲ့တဲ့ rock အဆိုတော်fokkerကို သီချင်းသစ်တွေထွက်ရှိဖို့ ပရိသတ်တွေစောင့်မျှော်နေပါတယ်။

fokkerရဲ့ သီချင်းတွေဟာ ခံစားချက်ကိုအခြေခံပြီးရေးဖွဲ့သီဆိုထားတဲ့အတွက် ပရိသတ်လည်း ထက်တူခံစားနားဆင်ရပါတယ်။နောက်ပီး ပရိသတ်တွေက ko fokker ရဲ့သီချင်းတွေတောင်မဟုတ်ပါဘူး ကိုfokkerရဲ့ စကားပြောပုံဆိုပုံ အရေးအသားအားလုံးကို ကြိုက်နှစ်သက်ကြတာပါ။

ko fokkerရဲ့ အရေးအသားထဲမှ "အရုပ်+အသံ+အက=ဂီတ ကို လုပ်ပြနေတာမဟုတ်ပါဘူး။ရင်ဘတ်+အသံ+အတီး=ဂီတ ကို လုပ်နေတာပါ ကြောက်လိုက်တာတို့ လိပ်ခေါင်းထွက်မယ်တို့ မက အသက်ပါထွက်ပါစေ အားရပါးရဘဲ ဆိုတက်ပါတယ် အလှမဆိုတက်ဘူး။အထိအတွေ့ချင်း ရင်းနှီးရတာထက် စိတ်ချင်းဆက်သွယ်ချင်တာပါလို့ " တင်ထားခဲ့တဲ့ စာသားကတော့ ပရိသတ်ရင်ထဲထိပါတယ်။ko fokkerရေ မွေးနေ ့မှာ ချစ်ရသူတွေနဲ့ ပျော်ရွှင်နိုင်ပါစေ။ချစ်တဲ့ မိဘ အနုပညာပရိသတ်တွေနဲ့ အတူ ထာဝရ ပျော်ရွင်နိုင်ပါစေ။ko fokkerကိုအားပေးတဲ့ ကျွန်တော်တို့ ပရိသတ်တွေကတော့ အခိုင်အမာ ရှိနေမှာပါ။myanmarload မှ ဆုတောင်းပေးလိုက်ပါတယ်။

Source; Htain Min Zaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။