အလှူရှင်တွေနဲ့ စုပေါင်းပြီး စစ်ဘေးရှောင် စခန်းတွေအတွက် စားစရာများ သွားရောက် လှူဒါန်းခဲ့တဲ့ ဆောင်းယွန်းစံ

//s9.kh1.co/bc/bc3af9ecef5423ebe42956ec61b14a1c6ae0120d.jpeg
အနုပညာရှင်များ

 ၁၄-ဇွန်-၂၀၂၁ ၈pm · လွန်ခဲ့သော ၃ နှစ် က

.....

သရုပ်ဆောင် ဆောင်းယွန်းစံ ကတော့ အလှူရေစက် လက်နဲ့မကွာဆိုသလို ကုသိုလ်ရေးမှာ ရှေ့ဆုံးကနေ ဦးဆောင် လှူဒါန်းနေသူတစ်ဦးဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိသူ  ဖြစ်တာကြောင့် ပရိသတ်တွေက ချစ်ခင်အားပေးနေကြတာပါ။  ဒီလိုကာလမှာလည်း အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေ အတွက် လိုအပ်တာများကို မကြာခဏ လှူဒါန်းပေးရင်း တတ်နိုင်သလောက် ရရာနေရာကနေ ပါဝင်နေသူ တစ်ယောက်ပါ ။

Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account

စစ်ဘေးရှောင် ပြည်သူတွေ အတွက်လည်း ချစ်ခင်ရတဲ့ မိတ်ဆွေတွေနဲ့ စုပေါင်းကာ ကူညီထောက်ပံ့မှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ရုပ်လေးလည်း လှသလို စိတ်ထားလေးကလည်း မွန်မြတ်လှတာကြောင့် ပရိသတ်တွေက သဘောကျ နှစ်သက်ပြီး ချီးကျူးနေရတဲ့ သူတစ်ယောက်ဆိုလည်း မမှားပါဘူး။ ဒါ့အပြင် သူမကိုယ်တိုင် ဒီဇိုင်းထွင်ထားတဲ့ အင်္ကျီတွေကိုလည်းရောင်းချကာ ရသမျှငွေကြေးတွေနဲ့ အလှူအတန်းတွေ ပြုလုပ်လျက်ရှိပါတယ် ။

Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account
Photo Credit : Saung Yoon San Facebook Account

အခုလည်း မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှူခဲ့ကြောင်းဖော်ပြလာပါတယ်။ နောက်ထပ်လည်း ချင်းပြည်နယ်က စစ်ဘေးရှောင် စခန်းတွေဆီပို့ဖို့ ဆေးဝါး ၊ အစားအသောက် ၊ အနွေးထည် ၊ စောင် အားလုံးစီစဉ်ပြီးကြောင်းနဲ့ မိုးတွင်းကာလမို့ မိုးကာအင်္ကျီလေးပဲ လိုအပ်တော့တာကြောင့် ဝိုင်းဝန်းလှူဒါန်းပေးကြဖို့ကိုလည်း " မြို့မလူမူ့ကူညီရေးအသင်းနဲ့ ပေါင်းပီး စစ်ဘေးရှောင် စခန်းတွေမှာ မုန့်တွေသွားလှုခဲ့ပါတယ် လက်ရှိမှာသူတိူ့အတွက် အဓိက လိုနေတာကတော့ မိုးကာအကျီတွေပါ.. ချင်းပြည်ကစစ်ဘေးရှောင် စခန်းပို့ဖို့လဲ ဆေးဝါး အစားအသောက် အနွေးထည် စောင် အားလုံးစီစဉ်ပီးပါပီ.. မိုးကာအကျီတွေပဲ လိုအပ်ပါတော့တယ်.. မိုးကာအင်္ကျီတွေ လှူဒါန်းပေးဖို့ တောင်းဆိုပါရစေ.. ဆောင်းလဲ အများကြီးမလှုနိုင်တော့လို့ပါ.. အထည် ၁၀၀၀ လောက်လိုအပ်ပါမယ်..တထည်ကို ငါးထောင်လောက်ကျပါမယ်..၁၀၀၀ပဲဖစ်ဖစ် ၂၀၀၀ပဲဖစ်ဖစ် နိုင်သလောက်လှုဒါန်းပေးပါ..အားလုံးစုပီးရသလောက်ဝယ်ပီးလှူဒါန်းပေးပါမယ်..လှူမယ်ဆို cb လာမေးပေးပါနော် " ခုလိုရေးသား ဝေမျှလာရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Source & Photo Credit : Saung Yoon San Facebook Account
Source & Photo Credit : Saung Yoon San Facebook Account
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T