စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အမှန်တရားကိုလိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များ ၊ ကျောင်းဆရာဆရာမတွေနဲ့ ကျန်းမာရေးဝန်ထမ်းများစတဲ့ ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းအသီးသီးများဟာ လူထုလှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ပေးကြတာ တွေ့ရပါတယ်။ ဒီလိုပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့ နိုင်ငံ့ဝန်ထမ်းများထဲမှာ ကျန်းမာရေးဝန်ထမ်းများကလည်း သူတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ စစ်ရှောင်ပြည်သူများကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေတာ တွေ့ရပါတယ်။
အဲ့လိုကူညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေထဲမှာ ပြည်သူတွေရဲ့ လေးစားဂုဏ်ပြုခြင်းခံရတဲ့ အလုပ်သင်ဆရာဝန်မလေးတစ်ယောက်ရဲ့ ဂုဏ်သတင်းလေးကတော့ လတ်တလော လူမှုကွန်ယက်မှာ ပျံ့နှံ့လို့လာခဲ့ပါတယ်။ ဒီဆရာဝန်မလေးကလည်း လက်ရှိစစ်ဖြစ်ပွားနေတဲ့ မင်းတပ်မြို့လေးက စစ်ရှောင်ပြည်သူတွေကို သွားရောက်ကူညီပေးနေတဲ့ တစ်ယောက်ပဲဖြစ်ပါတယ်။ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ မိမိရဲ့ ကိုယ်ကျိုးကိုမငဲ့ပဲ သေနတ်သံ၊ ဗုံးသံတွေကြားမှာ စစ်ရှောင်ပြည်သူတွေရဲ့ ကျန်းမာရေးကို ဂရုတစိုက်လုပ်ကိုင်ပေးနေတာဟာ တကယ့်ကို မွန်မြတ်လှပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ တောတောင်တွေထဲမှာ သာမန်ယောကျာ်းလေးတွေတောင် မလုပ်နိုင်တဲ့ စွန့်စားမှုတွေကြောင့် ချစ်တဲ့ပြည်သူတွေကလည်း လူမှုကွန်ယက်တွေမှာ ချီးကျူးဂုဏ်ပြုထားတာ တွေ့ရပါတယ်။ ဒါ့အပြင် သူမနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်က ရေးသားဂုဏ်ပြုထားရာမှာလည်း "သူပေါ့..ကျွန်တော်လေးစားမိတဲ့အမျိုးသမီး.....
သူပေါ့...မိဘက ကြိုးစားပြီးဆေးကျောင်းထားတာကို အေးဆေးမနေဘဲ စစ်ဖြစ်နေတဲ့နေရာမှာ သွားကူညီနေတယ်တဲ့လေ....
သူပေါ့...မိန်းကလေးတန်မဲ့ သာမန်ယောကျာ်းလေးတွေမလုပ်နိုင်တဲ့စွန့်စားမှုမျိုးလုပ်နိုင်တဲ့ အာဂအမျိုးသမီးလေးပေါ့.....
သူပေါ့...ကိုယ်ကျိုးကိုမငဲ့ပဲ တစ်ခါမှမတွေ့ဘူးမစုံဘူးတဲ့လူတွေအတွက် စာနာစိတ်လေးတစ်ခုနဲ့ စိတ်ရောလူပါကူညီနေလိုက်တာ.....
သူပေါ့ ဂျုတီကုတ်လေးနဲ့ ariconခန်းထဲမှာ ဆေးလေးကုပြီးနေရင်ရတာကို သေနတ်သံတွေဗုံးသံတွေကြားမှာ သွားနေနေလေရဲ့....
သူပေါ့...ရွယ်တူတွေ ကိုယ့်ဘ၀တက်လမ်းအတွက် ဘွဲ့လွန်စာမေးပွဲတွေဖြေ အပြိုင်ကြိုးစားနေတဲ့အချိန်မှာ သူကတော့ တောထဲတောင်ထဲမှာ အသပြာတစ်ပြားမှမရတဲ့အလုပ်ကို လုပ်နေလေသတဲ့.....
သူပေါ့...မိန်းကလေးတန်မဲ့ skin care အတွက်ပိုက်ဆံရှိဖို့ နေနေသာသာ မရွေးမုန့်ကို မျှစားရမဲ့အခြေအနေမှာ သွားနေလေရဲ့
သူပေါ့...အသပြာမရပေမယ့် ပြည်သူတွေရဲ့ရင်ထဲကချစ်ခြင်းတွေအပြည့်၀ရထားတဲ့ ဆရာ၀န်မလေးလေ....
သူကြောင့်ပဲ ရခဲလှတဲ့လူဘ၀မှာ ကိုယ့်အတွက်ချည်း မစဉ်းစားပဲ သူများအတွက် စဉ်းစားပေးရမယ်ဆိုတာ သိလာတယ်.....
သူကြောင့်ပဲ ကိုယ့်ဆုံးဖြတ်ချက်တစ်ခု ခိုင်မာလာခဲ့တယ်.....သူပေါ့...တကယ့်
wonder woman ကြီးပါကွာ....မြန်မာပြည်သူတွေအတွက် မီးအိမ်ရှင်လူငယ်လေးတစ်ယောက်ဆိုပါတော့......" ဆိုပြီး ခံစားချက်တွေပေါ်လွင်အောင် ရေးသားထားတာတွေ့ရပါတယ်။ ပရိသတ်တွေလည်း ကိုယ်ကျိုးမငဲ့ပဲ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ ဆရာဝန်မလေးကို ဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ပါဦး။
သတင်း အရင်းအမြစ်៖ Source - Original Upload