ပရောဂဆရာ နဲ ့ လူမမယ် ကလေးငယ်များ

ဒီနေ ့အရေးပေါ်ဋ္ဌာနမှာ တာဝန်ကျနေစဉ် အဖြစ်ဆန်း တစ်ခုကြုံရပါတယ်။ ကလေးငယ် ၃ဦးကို ပရောဂ ဆရာက ပရောဂ စစ်ရင်း နှိပ်စက်လို ့ သေပွဲ ဝင်ခဲ့ရပြီး ကလေးငယ် တစ်ဦး ဒဏ်ရာနဲ ့ ရောက်ရှိလာတဲ ့သတင်းကို အရေးပေါ်ဆရာဝန်လေး တစ်ဦးစီက ကြားလိုက်ရတဲ ့အခါ အံံ့အားသင့်ပြီး ခြေလှမ်းတွေက ကလေးငယ်ရှိရာ ဆီသို ့ဦးတည်မိပါတယ်။

မျက်ကွင်းနှစ်ဖက် ညိုမည်းနေပြီး မျက်နှာတစ်ခုလုံး ဒဏ်ရာတွေနဲ ့ ကလေးငယ်ဟာ ကုတင်ထက်မှာ ချိနဲ ့စွာ ….

မျက်လုံးနှစ်ဖက်ကို မဖွင့်နိုင်သော်ငြား နှုတ်ခမ်းလေး က လှုပ်စိစိနဲ ့ပါပါး ပါပါး ဆိုတဲ ့ တိုးညှင်းတဲ့ အသံ…

ဘယ်လိုဖြစ်ရတာလဲ ကလေးငယ်ရယ်…. သူမနာမည်က မိစိုး (နာမည်အပြည့်အစုံမဖော်ပြလို)

စိတ်မကောင်းစွာနဲ ့အတူပါလာတဲ ့ မိသားစု ကို မေးခဲ ့ပါတယ်။ လူနာတင်ကားနဲ ့လာပို ့ပေးတဲ ့ အရေးပေါ်ကယ်ဆယ်ရေး အဖွဲ ့ဝင် နှစ်ဦးကလည်း မေးသမျှ သူတို ့တွေ ့ကြုံခဲ့ရတာကို ပြောပြကြပါတယ်။

ဖြစ်ပုံက ဒီလို......

မိစိုးလေးရဲ ့မိသားစုက ရန်ကုန်တိုင်း၊ တွံ ့တေးမြို ့နယ်၊ ပေါက်လေးပင်ရွာလေးပေါ့… ရေစပ်တွေမှာ ခြေတံရှည် ၀ါးအိိမ်လေး တွေအစု …. မိစိုးလေရဲ ့ဖခင်နဲ ့ညီအစ်ကို မောင်နှမ တစ်သိုက်နေထိုင်ကြသတဲ ့။ ကရင်လူမျိုး ၊ ဗုဒ္ဓဘာသာ သူမဖခင်နဲ ့ ဆွေမျိုးတွေ တစ်သိုက်ဟာ ပညာမတတ်ဘူး။ ကျဗန်းအလုပ်နဲ ့အသက်မွေးပြီး အေးအတူပူအမျှ ရိုးသားစွာနဲ ့ ရောင့်ရဲတင်းတိမ်စွာ အေးအေးချမ်းချမ်းနေထိုင်ခဲ ့ကြတာ မိစိုးတို ့မောင်နှမသုံးဦးနဲ ့ မောင်နှမဝမ်းကွဲတွေ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားရမယ် ့အခွင့်အရေးတွေ ဆုံးရှုံးရမယ်လို ့တွေးမထင်ထားတဲ ့အဖြစ်….

တစ်နေ ့မှာ တော ့ ကံဆိုးမိုးမှောင်ကျဖို ့အကြောင်းဖန်လာတယ်။ မိစိုးရဲ ့ဦးလေးဖြစ်သူက သူတို ့လေးအိမ်စုရွာလေး ရှိရာကို မျက်နှာစိမ်း ဧည့်သည် ခေါ်လာရာက စတယ်လေ…

မျက်နှာစိမ်းလူကို သူတို ့ဆွေမျိုးတွေ မရှိ ရှိတာနဲ ့ကျွေးမွေးဧည့်ခံကာ လောကွတ်ကျေခဲ ့ကြတယ်။ ၂ ရက် ၃ရက်အကြာမှာ ထိုလူက သူမတို ့ မိသားစုနဲ ့ဆွေမျိုးတွေကို အစာမစားခိုင်းတော ့.. သူ ့အတွက်တော ့ ဝက်လည်းသတ်ပေးရတယ်။ သူပဲ စား.. အိမ်ရှင်တွေ မစားနဲ ့…. ဒီလိုနဲ ့ မိစိုးတို ့ဖခင်နဲ ့မိသားစုဆွေမျိုးတွေ အချင်းချင်းစကားလည်း မပြောရဘူးဆိုပဲ။

ပြီးခဲ ့တဲ ့ဗုဒ္ဓဟူးနေ ့မှာ ပရောဂ ထုတ်မယ် ဆိုပြီး မိစိုးတို ့မောင်နှမတွေ နဲ ့ကစားဖော် ကစားဖက် မောင်နှမ ဝမ်းကွဲတွေကို နှိပ်စက်ပါတော ့တယ်။ ဆွေမျိုးတွေက အမွှေးနဲ ့လိုလို အနံ ့တွေရပြီး ကြောင်တောင်တောင်တွေ ဖြစ်နေတော ့ သူတို ့ရှေ ့မှာ အရွယ်မမယ် လူလားပင် မမြောက်သေးတဲ သားသမီးတွေကို ကိုင်ပေါက်၊ ပစ်ပေါက်၊ ခြေထောက်နဲ ့နင်းခြေ၊ ရဲဒင်း ဓနောင့်နဲ ့ဦးခေါင်းတွေကိုထု လို ့ အမျိုးမျိုး နှိပ်စက်ရင်းနဲ ့ ချက်ချင်းမသေသေးပဲ ဆန် ့ငင် ဆန် ့ငင် နဲ ့ အသက်ထွက်ခဲ ့ရတယ်။ မိစိုး ရဲ ့၂ နှစ်အရွယ် ညီမလေး သေသွားသလို မောင်နှမ ဝမ်းကွဲ မိန်းကလေး နဲ ့ယောက်ျားလေး စုစုပေါင်း သုံးဦး သေသွားတယ်။ မိစိုးညီမလေးနဲ ့ ညီမဝမ်းကွဲလေးတို ့၂ ဦးကို ဦးလေးဖြစ်သူတွေကိုယ်တိုင် ဆာလာအိတ်နဲ ့စုထည့်ပြီး သူတို ့အိမ်နောက်ဖက်မှာ မြုပ်ခဲ ့ကြတယ်။ မောင်လေးဝမ်းကွဲကိုတော့ သူ ့ဖခင်ကိုယ်တိုင် လေးအိမ်စုနဲ ့ခပ်လှမ်းလှမ်းမှာ လှေနဲ ့သွားပြီး ရေထဲပစ်ချစေခဲ ့တယ်။ ဒါပေမယ့် မိစိုး တစ်ယောက် ကံကောင်းလို ့ အသက်မသေခဲ့တယ်။

ဟင်…. ဖခင်စိတ်နဲနဲ လေးမှ မရှိကြဘူးလား။ ဘာလို ့ဒီအတိုင်းကြည့်နေခဲ့ကြတာလဲ။ မိစိုးတို ့ကို နှိပ်စက်နေစဉ်မှာ ဖခင်နဲ ့ဦးလေးတွေက အသိစိတ်ဝင်လာတဲ ့အခိုက်အတန် ့လေး ကလေးတွေကို ဆွဲမယ်လုပ်ရင် …. ပရောဂ ဆရာက “ ဒီကလေးတွေက ခင်ဗျားတို ့ကလေးတွေမဟုတ်ဘူး ။ မကောင်းဆိုးဝါးတွေ…. လို ့ပြောတော ့ သေသွားတာတောင် မချိမဆန် ့နဲ ့နာကျင်မှုကြောင့် ပါပါး မာမား လို ့ငယ်သံပါအောင် အော်ငိုရင်းက ငြိမ်သက်သွားကြတာကို မိဘတွေ ဝမ်းသာပြီး ရယ်ခဲ့ကြတယ်လေ….

ပရောဂ ဆရာက ခင်ဗျားတို ့ဒီရွာမှာ မနေကြနဲ ့… ပရောဂနဲ ့တိုက်ထားပြီ။ ဒီနေရာကအမြန်သွားကြ။ မသွားရင် ခင်ဗျားတို ့အားလုံးသေလိမ့်မယ်ပြောလို ့ ၂၀ ၊ ၁၀၊ ၂၀၁၆ ( ကြာသာပတေး) နေ ့မှာ သူတို ့မိသားစုနဲ ့ဆွေမျိုးတွေဟာ အိမ်ခြေ ၆၀၀ ရှိတဲ ့ ၁၉ မိုင် တာကုန်း လှေနဲ ့တဆင့် သွားခဲ ့ကြတယ်။ မိစိုးလည်း ဖူးရောင်တဲ ့ဒဏ်ရာတွေနဲ ့ နာကျင်စွာ ငိုကြွေးရင်း လိုက်ပါလာခဲ ့လေတယ်။

၁၉ မိုင် တာကုန်းသို ့ ၂၀ ၊ ၁၀၊ ၂၀၁၆ ( ကြာသာပတေး) နေ ့မှာ မိစိုး အဒေါ်ဖြစ်သူထံ မိဘစိတ် ဆိုတာ အသာထား… စိတ်နှင့် လူပင် မကပ်တော ့သယောင် ကြောင်တောင်တောင် ဖြစ်နေသော မိစိုးတို ့မိဘနဲ ့ ဆွေမျိုးများရောက်လာတော ့ အဒေါ်ဖြစ်သူတွေလည်း နားမလည်နိုင်အောင်ဖြစ်ရတယ်။ မိစိုးအဒေါ် မအေး (နာမည်မဖော်ပြလို) က မိစိုးနဲ ့အတူ အမြဲတီတီတာတာ ဆော့ကစားတတ်တဲ ့တူလေး နဲ ့တူမလေးတွေ ပါမလာတော ့ သံသယစိတ်နဲ ့ "ဟဲ ့ .. ဟိုကလေးတွေရော" လို ့မေးတော ့မှ ပရောဂနှင်ထုတ်လို ့သေကုန်ပြီ ဆိုတာ သိကြရတယ်။ အမျိုးတွေက ဒီသတင်းကြားတာနဲ ့ ရုတ်ရုတ်သဲသဲဖြစ်နေတုန်း မိစိုး အဒေါ်ဖြစ်သူက ပရောဂဆရာကို တွေ ့ချင်တယ် တကဲကဲ ဖြစ်ပါလေရော…. မိစိုးသာ စကားပြောတတ်တဲ ့အရွယ်ဖြစ်ရင် မိစိုးတို ့မောင်နှမတွေကို မရဏမင်းလို ့ဇီဝန်ချွေနှုတ်သွားတဲ ့အဲဒီ သူစိမ်းလူကြီးကို ခေါ်မလာပါနဲ ့လို ့အော်ပြောမိမှာ။ ဒါပေမယ့် ပရောဂ ဆရာရဲ ့ပညာနဲ ့မှိုင်းမိနေတဲ ့ မိစိုးဦးလေးတွေက လှေနဲ ့သွားခေါ်လေတော ့၁၉ မိုင် တာကုန်း က မိစိုးတို ့ထွက်ပြေးလာတဲ ့နေရာကို ပြန်ရောက်လာခဲ့တယ်။ မိစိုးလေး ဘယ်လောက်တောင် ကြောက်နေရှာမလဲနော်…. မကြာပါဘူးလေ… ပရောဂ စစ် တဲ ့ပွဲ ပြန်လုပ်ကြပါတော ့တယ်။ ပွဲကြည့်ပရိတ်သတ်ထဲ အမျိုးတွေက အများစုပေါ့။ ကလေးငယ်တွေကို ထပ်ပြီး ပရောဂ နှင်တဲ ့အနေနဲ ့ လသားကလေးပါမကျန် ဆန်တွေ သဲတွေနဲ ့အရှိန်ပြင်းပြင်း ပစ်ပေါက်တယ်။ ကိုင်ဆောင့် လိုက် ၊ ပစ်ပေါက်လိုက် ၊ တက်နင်းလိုက် ထပ်လုပ်တယ်။ အဲဒီကလေးတွေထဲက မိစိုး ရဲ ့ညီမလေးမှာ ၅ လအရွယ် နို ့စို ့လူမမယ်မို ့ ငိုလိုက်တာမှ အသားအရေတွေတောင် ပြာလို ့နေတယ်။ လူကြီးတစ်ချို ့လည်း အိပ်ပျော်ကုန်ကြတယ်။ မိစိုးအဒေါ်နဲ ့အခြားသူတွေကလည်း ဘာတွေလည်း ဆိုပြီး အခြေအနေကို စောင့်ကြည့်နေသတဲ့။

ဒီလိုတွေ ဖြစ်ပျက်နေချိန်မှာ ရွာက သတ္တိခဲ လင်မယား ၂ ဦးရောက်လာပြီး အမျိုးသမီးဖြစ်သူမှ ပရောဂ ဆရာကို ဒီလိုတွေလုပ်တာ ရပ်တန်းက ရပ်ဖို ့ပြောတော ့ ပရောဂ ဆရာလည်း သူပြန်တော့မယ်။ စေတနာက လူတိုင်းနဲ ့မထိုက်တန်ဘူး။ နင်တို ့တွေ ဒုက္ခရောက်လိမ့်မယ် ဆိုကာ သူ ့ကို ပြန်ပို ့ခိုင်းတော ့မိစိုးဦးလေးတွေက ပြန်ပို ့ပေးခဲ ့တယ်။ ဒါပေမယ့် ပရောဂ ဆရာပြန်သွားတာကို သူတို ့စိတ်မကောင်းဖြစ်နေကြတယ် ဆိုပဲ။

ပရောဂ ဆရာ ထောင်နန်းစံဖို ့ အကြောင်းရယ်ဖန်

~~~~~~~~~~~~~~~~~~~~~~~~

ဒီသတင်းကို ရွာက သားဖွားဆရာမလေးက ကြားတော ့ မခံမရပ်နိုင်ဖြစ်ကာ ရပ်ရွာ လူကြီးများနှင့် စုရုံးပြီး အစဖော်ကာ ပရောဂ ဆရာကို အရေးယူဖို ့လှုပ်ရှားခဲ ့ကြတယ်။ နောက်ဆုံးတော ့ တွံ တေး ရဲ စခန်းမှာ ချုပ်ထားပြီး စစ်ဆေးမှုတွေ လုပ်နေပါပြီ။ ရဲစခန်းမှ သတင်းရ၍ ကလေးများအလောင်းဖော်ယူရန် အရေးပေါ်ကယ်ဆယ်ရေးအဖွဲ ့ဝင်များဖြစ်တဲ ့ ကိုပီတာတို ့အဖွဲ ့နဲ ့အခင်းဖြစ်ရာ နေအိမ်သို ့သွားခဲ့ကြပါတယ်။ ဒီလိုနဲ ့ကယ်ဆယ်ရေးအဖွဲ ့ဝင်များက တွံ တေး ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ ့ မိစိုးလေးနဲ ့အတူ ဖခင်ဖြစ်သူ နှင့် အဒေါ်ဖြစ်သူတို ့အား ရန်ကုန်ဆေးရုံကြီးကို ခေါ်ဆောင်လာခဲ့ပါတော ့တယ်။

မိစိုးလေးရဲ ့ဖခင်ကတော ့သူတို ့အနေနဲ ့ပညာလည်းမတတ် ၊ တောကြိုအုံကြားမှာ လုပ်ကိုင်စားသောက်ရတဲ့အတွက် ဗဟုသုတ နည်းပါးကြောင်း၊ ပရောဂ ဆိုသည့် အယူများလည်း မမြင်ဖူး ၊ မကြားဖူးကြောင်း၊ တကယ်ကြုံတွေ ့ရချိန်မှာ အသိကင်းလွတ်နေကြောင်း၊ ထိုပရောဂ ဆိုသည်ကိုလည်း ယခုထိ ကြောက်နေကြောင်း၊ သူတို ့နေအိမ်မှ ၁၉ မိုင် တောင်ကုန်းသို ့သွားစဉ် လှေပေါ်၌ အပုပ်နံ ့များရကြောင်း မိစိုးဖခင်က ဆိုသည်။

ပညာရေး အရေးကြီးပုံ

~~~~~~~~~~~~

ကျွန်မအနေဖြင့် ဒီသတင်းကြားရတော ့ ကျေးလက်ဒေသ တောင်ပေါ်မြေပြန် ့ နေရာအနှံ ့မှာ နေထိုင်နေကြတဲ ့ တိုင်းရင်းသား မြန်မာလူမျိုးများအတွက် ပညာရေးမြင့်မားဖို ့၊ ဗဟုသုတ ပြည့်စုံဖို ့ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပိုသိလာရတယ်။ ကျန်းမာရေးနဲ ့ပက်သက်လို ့ အသိပညာနည်းနေကြ၍လည်း မြန်မာပြည်သူ ပြည်သားများအဖို ့ ပညာရေးအရေးကြီးကြောင်း ယခင်က သိပြီးဖြစ်သော်လည်း ဤကဲ့သို ့တုန်လှုပ်ခြောက်ခြားဖွယ် ဖြစ်ရပ်များ မည်မျှပင် ရှိနေလိမ့်မလဲဆိုတာ မတွေးဝံ့ပေ။ ဗိန္ဓောဆရာ နှင့် ဆေးကုကာ အသက်ပေးကြသူတွေလည်း ဒုနဲ ့ဒေးပင်။

ကယ်ဆယ်ရေးသမားလေး ကိုပီတာမှ မိစိုးလေး၏ ဖခင်အား အစ်ကိုရေ... အစ်ကို ရဲ ့သမီးလေးတစ်ယောက်လည်းသေသွားပြီ။ ဒီကလေးလည်း ဒုက္ခရောက်ရပြီ။ အစ်ကိုမှာ အကြွေးတင်သွားပြီနော်။ အကြွေးပြန်ဆပ်ဖို ့က ဒီကလေးကို အစ်ကိုတို ့လို ပညာမတတ်လို ့ဒုက္ခ ထပ်ရောက်သူမဖြစ်ဖို ့ပညာတတ်ဖြစ်အောင်လုပ်ပေးပါတဲ ့....

ဘယ်လိုဖြေရှင်းကြမလဲ

****************

Education

Law & Policy

Research

Assessment & Evaluation

Risk Reduction Committtee

Public Safety Project / Campaign

Media/ Network

Lesson Learn အနေဖြင့် ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကို နောင်မဖြစ်အောင် သင်ခန်းစာယူပြီး အသိပညာပေးများများလုပ်သင့်သလို ဥပဒေဖြင့် တားမြစ်ကာကွယ်ရေး ရန် လည်း လိုအပ်ပါသည်။

ကျန်းမာရေးနှင့် ပက်သက်သော အခြေခံပညာရပ်များကို ကျောင်းပညာရေးစနစ်များတွင် ထည့်သွင်းသင့်ပါသည်။

ကျန်းမာရေးကို ထိပါးနှောင့်ယှက်စေနိုင်သော အမှုအကျင့်များ၊ အယူမှားများ ပပျောက်စေရန် ကမ်ပိန်းများ ပြုလုပ်ခြင်း၊ လူထု လုံခြုံရေး နှင့် ပက်သက်၍ ကော်မတီများဖွဲ ့ခြင်း၊ သုတေသနများပြုလုပ်ခြင်း အစရှိသည့် ကိစ္စရပ်များကို ထိထိရောက်ရောက် ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်ရန် အစိုးရမှ ဖော်ဆောင်ရေးကို အစိုးရ နှင့် ပြည်သူများ ညီညွှတ်စွာဖြင့် ၀ိုင်းဝန်းကြိုးပမ်းခြင်းဖြင့် အပေါင်းလက္ခဏာဆောင်သော ပြောင်းလဲမှုကို ဦးတည်သင့်ကြပေသည်။ ရှေးနှစ်ပေါင်းများစွာက အယူမှားများကို ပပျောက်အောင် ဘယ်လိုလုပ်မလဲ ဆိုသည်နှင့် ပက်သက်၍ အထက်ပါ အကြံပြုချက်များမှ အထိုက်အလျောက် အကျိုးရှိမည်ထင်ပါသည်။

ကျွန်မ အနေဖြင့်လည်း ကျေးလက်ဒေသမှ လူထုအား ပညာပေးရေး လုပ်ငန်းများကို လုပ်ဆောင်လိုစိတ် ပိုမိုပြင်းပြလာပါတယ်။

မိစိုးလေး၏ ဖခင် ၊အဒေါ်၊ ကယ်ဆယ်ရေးအဖွဲ ့ဝင် နှစ်ဦး၏ တွေ ့ကြုံခဲ ့ရသည်များကို ကြားသိသည် နှင့် အညီ ပြန်လည်ရေးသားဖော်ပြခြင်းဖြစ်ပါသည်။ လိုအပ်ချက်ရှိမည်ဖြစ်သော်လည်း ကြားသိသမျှဖြင့် ပြည်သူလူထုအား အသိပညာပေးအနေဖြင့် ဤအဖြစ်အပျက်မျိုးမှ တားဆီးကျော်လွှာနိုင်စေရန် စေတနာဇောဖြင့် ရေးသားခြင်းသာဖြစ်ပါသည်။ မေးမြန်းသမျှဖြေကြားပေးကြတဲ ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။ ဤအမှုပေါ်ပေါက်ရေးအတွက် ကြိုးပမ်းကြသူများအားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။ အားလုံး ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ...

ပညာမတတ်၍ တစ်ပါးသူပြောသမျှ နားယောင်ကာ မိမိတို ့ရင်သွေးများကို ကယ်တင်ရမည့်အစား မိခင်စိတ်၊ ဖခင်စိတ်၊ နှင့် လူသားချင်း စာနာသော အသိ၊ သတိများ ကင်းပျောက်ကာ ဖြစ်ပျက်ခဲ ့သော ဤကဲ့သို ့အဖြစ်ဆိုးမျိုး မြန်မာပြည်တွင်းမှာ ဘယ်လောက်ပင် ရှိနေပါသလဲ။

ပထမပို ့စ်ကို Report လုပ်ခံရ၍ တစ်စုတစ်စည်းတည်း ပြန်လည် တင်ပြပါသည်။

မေတ္တာဖြင့်

သီတာခင် ဟု အဖြစ်အပျက်အား ကြားသိခဲ့ရသော ဆရာမမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။