ဟောလိဝုဒ်ရဲ့ မျက်နှာဖုံးလို့ဆိုရမယ့် နာမည်ကျော် ဆယ်လီတွေဖြစ်တဲ့ ကင်ကဒါရှင် မိသားစု ရဲ့အချစ်တော်လေးဖြစ်ပါတယ်။

Victorea Sceret ရဲ့ နာမည်ကျော်စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ ကန်ဒဲလ်ဂျန်နာ ဟာ ကိုင်လီဂျန်နာရဲ့ ညီအစ်မအရင်းတွေဖြစ်သလို သူတို့ရဲ့ အမိုက်စားဖက်ရှင်တွေကြောင့်လည်း ကမ္ဘာကျော်နေသူလေးတွေဖြစ်ပါတယ်။

ချစ်စရာကောင်းပြီး အပြစ်ကင်းစင်လှတဲ့ သူမရဲ့ မျက်နှာအစ ခြေအဆုံး အလှတွေကတော့ မြင်သူတိုင်း ငေးမောလောက်စရာပါပဲ။ နာမည်ကြီးအဆိုတော် One Direction အဖွဲ့ကအဆိုတော် ဟယ်ရီစတိုင်နဲ့လည်း ရည်းစားဟောင်းတွေဖြစ်ခဲ့ဖူးသလို ဧပြီလကစပြီး သူမရဲ့ ဘဲအသစ် ဖြစ်တဲ့ ရက်ပါအဆိုတော် A$AP Rocky နဲ့ တွဲခုတ်နေကြောင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လက်တလောမှာတော့ နယူးယောက်လမ်းမပေါ်မှာ ကြော့ရှင်းစွာ ယုံကြည်မှုရှိရှိထွက်လာတဲ့ သူမရဲ့ ဖက်ရှင်တွေကတော့ ပုရိသအပေါင်းကိုပါ ဟာခနဲ ဟင်ခနဲဖြစ်သွားစေမှာပါပဲ။

အဖြူရောင်ရှပ်ပြောင်လေးဝတ်ပြီး အောက်ပိုင်းကို ဂျင်းဘောင်းဘီဝတ်ဆင်ထားပေမယ့် ဘရာမဝတ်ထားတဲ့ သူမရဲ့ ဖြူဖွေးလှပနေတဲ့ ရင်အုံကိုတော့ လှစ်ဟထားတာကိုတွေ့ရမှာပါ။

ရှည်လျားတဲ့ အရပ်မောင်းနဲ့ အမိုက်စားဘော်ဒီပို်င်ဆိုင်ထားတဲ့ ကန်ဒဲလ်ရဲ့ အလှတွေကို ပရိသတ်တွေသဘောကျရဲ့လား။

သတင်းအရင်းမြစ် Kendell fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။