ဘာသာတရားနဲ့ပတ်သက်ပြီး စိုးရိမ်မှုတစ်ခုရှိကြောင်း၊အမွှာသမီးလေးနှစ်ယောက်ဖြစ်တဲ့ခေတ်နဲ့ သစ်တုုိ့အမွှာလေးတွေရဲ့ ဘာသာရေးကုုိးကွယ်မှုနဲ့ပတ်သက်ပြီးမေမေချစ်သုဝေက အခုလို ပြောကြားထားပါတယ်။

အနှပညာမောင်နှံ ချစ်သုဝေနဲ့ လင်းလင်းက ဘာသာမတူဘဲလက်ထက်ထားပေမယ့် ချစ်သုဝေက ဘာသာတရားတိုင်း ကိုလေးစားကြောင်း၊သူဘာသာငါ့ဘာသာကိုမခွဲထားကြောင်း၊ခေတ်နဲ့သစ်ကို နွှေးထွေးတဲ့အသိုင်းအဝန်မှာ ကြီးပြင်း စေချင်စေကြောင်းနဲ့ ဘာသာတရားကိုင်ရှိုင်းပြီး လူကောင်းလူမွန်လေးတွေ ဖြစ်စေချင်ကြောင်း ပြောကြားခဲ့ပါတယ်။“သူ့ဘာသာ ငါ့ဘာသာမခွဲဘူး၊ သူတို့ယုံကြည်ရာဘာသာကို ကိုးကွယ်ပါစေ။အဓိက ကတော့ သူတို့ယုံကြည်ရာဘာသာမှာ သူတို့ဟာ ဒီဘာသာတရားကို လေးမြတ်စေချင်တယ်၊ ကိုယ်ကြောင့်ဘာသာတရားကို ညိုးနွမ်းသွားစေတဲ့ အိုင်ဒီယာတွေ၊ အပြောအဆိုတွေ မပြောမိတဲ့ ဘာသာဝင်ကောင်းတွေပဲ ဖြစ်စေချင်တယ်ပေါ့နော်။ ဘာသာတရားနဲ့ပတ်သက်လို့ စိုးရိမ်တာလေး တစ်ခုတော့ရှိတယ်။ အဲ့တာကတော့ ပတ်ဝန်းကျင်တွေရဲ့မှားယွင်းတဲ့ အယူအဆတွေ ၊concert တွေကြောင့် ဘာသာတရားကိုမလေးစားမိတဲ့ ညိုးနွမ်းအောင် ကိုယ်ကိုတိုင်ဘဲ မသိလိုက်တဲ့သူတွေတော့ မမ မဖြစ်စေချင်ဘူး။”

ဒါ့အပြင်ချစ်သုဝေက ချစ်ရတဲ့ ပရိသတ်ကြီးကိုလည်း အခုလို အမှာစကားပြောကြားခဲ့ပါတယ်။ “မမချစ်တဲ့ပရိသတ်ကြီးကို ကျေးဇူးအများကြီး တင်ပါတယ်။ မမတင်မက၊ မမတည်ထောင်ထားတဲ့ အိမ်ထောင်စုလေး၊မမမွေးထားတဲ့ သမီးလေးနှစ်ယောက်ကိုပါ ချစ်ပေးမေတ္တာတွေပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်၊သမီးလေးတွေကိုလည်း မေတ္တာတရားတွေကြားမှာ ရှင်သန်းကြီးပြင်းစေချင်တဲ့အတွက် ဆက်လက်ပြီးချစ်ပေးကြပါ၊ဆက်လက်ပြီး ဂရုစိုက်ထားပေးကြပါ၊မေတ္တာနဲ့ပြည့်ဝတဲ့အပြောလေးတွေ ဖေးမမှုတွေ၊အလုပ်တွေနဲ့သမီးလေးတွေကို ဝန်းရံပေးကြပါလို့ ၊မမ ကျေးဇူးအများကြီးတင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

(ရုပ်သံဖိုင်ကိုအောက်တွင်ကြည့်နိုင်ပါတယ်။)

Aung

သတင်းအရင်းမြစ် Myanmar People Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။