သရုပ်ဆောင်ဘက်မှာရော အဆိုဘက်မှာပါ တော်တဲ့ အဆိုတော်ဝိုင်းစုခိုင်သိန်း လို့ ပြောလိုက်တာနဲ့ သူမရဲ့ သီချင်းကောင်းလေးတွေကို ပြန်ကြားယောင်မိမှာပါ။

သီချင်းတွေလည်းဆက်တိုက်ဆိုပြီး အလုပ်များနေရတဲ့ ဝိုင်းစုကတော့ ယနေ့မနက် သူမရဲ့ နေအိမ်မှာ အောင်သိဒ္ဓိ စင်္ကြာရှင်ဘုရားပင့်ဖိတ်ထားတဲ့အကြောင်း ရေးသားထားပါတယ်။

အချစ်ရေးနဲ့ပတ်သက်ပြီး ဝေဖန်တိုက်ခိုက်မှုတွေခံနေရပေမယ့်လည်း သူမကိုချစ်ခင်အားပေးတဲ့ပရိသတ်တွေကလည်း များလှပါတယ်။

ဝိုင်းစု တစ်ယောက် ပရိသတ်တွေပါ ဖူးမြော်ရအောင် ဖေ့ဘုတ်စာမျက်နှာကတစ်ဆင့် အောင်သိဒ္ဓိဘုရားပင့်ထားတဲ့ ကြည်ညိုဖွယ်ပုံရိ့ပ်တွေကိုပါ တင်ပေးထားတာဖြစ်ပါတယ်။

မကြာသေးမီရက်ပိုင်းကလည်း သူမရဲ့ မိသားစု ၊ အောင်လနဲ့ အတူ နေအိမ်မှာ ၀ါဆိုသင်္ကန်းကပ် ကုသိုလ်ယူဖြစ်ခဲ့ပုံတွေကို သူမရဲ့ ဖေ့ဘုတ်မှာ မျှဝေခဲ့ပါသေးတယ်။ 

သတင်းအရင်းမြစ် Wyne su fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။