အမျိုးသမီးများအနေနဲ့ အချိန်အခါမဟုတ်ပဲ ရာသီသွေးဆင်းတဲ့အခါ သတိပြုသင့်ပါတယ်။ ကိုယ့်ရဲ့ ရာသီလာရက်ကိုလည်း တစ်လတစ်ကြိမ် ပြက္ကဒိန်မှာ မှတ်ထားပေးသင့်ပြီး ဓမ္မတာချိန်မဟုတ် သွေးဆင်းနေပြီဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ဖြစ်ဖြစ် တိုင်ပင်သင့်ပါတယ်။

သားဖွားနှင့် မီးယပ်ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ Joyce Gottesfeld ကမူ ရာသီလာချိန်မဟုတ်ဘဲ သွေးဆင်းခြင်းကြောင့် ဆိုးဆိုးရွားရွားဖြစ်နိုင်သည်ဟု မဆိုလိုသော်လည်း စတင်သတိပြုမိသည်နှင့် တစ်ပြိုင်နက် သားဖွားနှင့်မီးယပ်သမားတော်နှင့်ကုသမှုခံယူသင့်သည်ဟု အကြံပြုပြောကြားထားသည်။

သွေးဆင်းရသည့် အကြောင်းရင်းကိုဖော်ထုတ်ရန် ကျန်းမာရေးဝန်ထမ်းများက သင်၏အသက်အရွယ်၊ ကိုယ်ဝန်ရှိ/မရှိ၊ အကာအကွယ်မယူဘဲ အမျိုးသားနှင့် အတူနေဖူးခြင်းရှိ/မရှိနှင့် ကိုယ်ဝန်တားဆေးများစတင် သောက်သုံးခြင်းရှိ/မရှိတို့ကို မေးမြန်းပေလိမ့်မည်။

အကယ်၍ ပဋိသန္ဓေတားဆေးများကို စတင်သောက်သုံးနေပါက (သို့) ပရိုဂျက်စတုန်းဟော်မုန်းပါဝင်သော တားဆေးပစ္စည်းထည့်ထားပါက သွေးဆင်းခြင်းမှာဖြစ်လေ့ဖြစ်ထရှိသောအရာတစ်ခုပင်ဖြစ်သည်။ သို့သော် သွေးဆင်းခြင်းမှာ အချိန်ကြာသော်လည်း မရပ်တန့်ပါက သန္ဓေတားဆေးအစား အခြားနည်းလမ်းများကို စဉ်းစားသင့်ကြောင်းလည်း အကြံပေးထားပါသည်။။

အစောပိုင်းနှစ်များတွင်သွေးဆင်းခြင်း

ရာသီပန်းပွင့်စ (သို့) သွေးဆုံးခါနီးအချိန်တွင် သွေးဆင်းခြင်းမှာဖြစ်လေ့ဖြစ်ထရှိသည့်အပြင် အစောပိုင်းနှစ်များတွင် ဓမ္မတာမှန်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဦးနှောက်၊ မျိုးဥအိမ်နှင့် သားအိမ်တို့သည် ဟော်မုန်းအတက်အကျပုံမှန်ဖြစ်စေရန် ကြိုးစားနေဆဲကြောင့်ဖြစ်ပါသည်။ သွေးဆင်းခြင်းသည် အရမ်းမများပြားပါက (သို့) ခဏတာဖြစ်ခြင်းဆိုပါက ပြဿနာသိပ်မရှိနိုင်ပေ။

အရွယ်ရောက်ပြီးသူများတွင် အမျိုသားနှင့်အတူနေပြီးသည့်အချိန်၌ သွေးဆင်းပါက စိုးရိမ်ဖွယ်ဖြစ်သည်။ အထူးသဖြင့် အကာအကွယ်မယူဘဲဆက်ဆံမိခြင်း (သို့) အမျိုးသားတစ်ဦးနှင့်ပထမဆုံးအကြိမ်ဆက်ဆံခြင်းတို့တွင် ပိုမိုသတိထားသင့်ပါသည်။ လိင်မှတဆင့်ကူးစက်တတ်သည့်ရောဂါများ (Chlamydia (သို့) Gonorrhea) တွင် သွေးဆင်းခြင်းသ့ည် အချက်ပေးလက္ခဏာတစ်ခုဖြစ်လေ့ရှိခြင်းကြောင့် ချက်ချင်းကုသမှုခံယူသင့်ပါသည်။ တခါတရံ၌ သားအိမ်ခေါင်းအဝသည် အလွန်ပင်ထိခိုက်လွယ်သောအခြေအနေတွင်ရှိခြင်းကြောင့် (သို့) ရောဂါပိုးရှိနေခြင်းကြောင့် သွေးဆင်းခြင်းဖြစ်နိုင်သည်။

အမျိုးသားနှင့်ဆက်ဆံပြီးနောက် သွေးဆင်းရခြင်းအခြားအကြောင်းအရင်းတစ်ခုမှာ သားအိမ်ဝလန်နေခြင်းရောဂါ (Cervical ectropion) ကြောင့်ဖြစ်ပါသည်။ ထို့ပြင် သားအိမ်ခေါင်းကင်ဆာကြောင့်လည်းဖြစ်နိုင်ပါသည်။

ဓမ္မတာလာခြင်းမဟုတ်ဘဲ သွေးအနည်းငယ်ဆင်းခြင်းသည် ကိုယ်ဝန်စတည်ခါစ (Implantation Bleeding) ကြောင့်လည်းဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်း၊ သားအိမ်ပြင်ပတွင် သန္ဓေတည်ခြင်းတို့ကြောင့်လည်းဖြစ်နိုင်သည်။

သက်လတ်ပိုင်းအမျိုသမီးများတွင် သွေးဆင်းခြင်း

အသက် 30 ဝန်းကျင်အမျိုးသမီးများတွင်သွေးဆင်းခြင်းမှာ သားအိမ်ကင်ဆာကြောင့်ဖြစ်နိုင်ချေများသည်။ ငယ်ရွယ်သူများတွင် အဝလွန်ခြင်းသည် သားအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်ပါသည်။ သားဖွားနှင့်မီးယပ်ဆရာဝန် Dr.Dabney ကမူ အသက် 35 နှစ် ပတ်ဝန်းကျင်တွင် သွေးဆင်းခြင်းမှာ စိတ်ပူပန်စရာကောင်းကြောင်း၊ အဘယ်ကြောင့်ဆိုသော် သားအိမ်ကင်ဆာ၏ ကနဦးလက္ခဏာဖြစ်နေနိုင်ကြောင်း၊ ဟော်မုန်းအပြောင်းအလဲ၊ သားအိမ်တွင်အလုံးတည်ခြင်းနှင့် အသားပိုဖြစ်ခြင်းများသည် ကင်ဆာထက်ဖြစ်နိုင်ချေများသော်ငြားလည်း စစ်ဆေးချက်များဖြင့် အတည်မပြုရသေးမီ ဘာမျှမပြောနိုင်ကြောင်းကို ပြောကြားပေးခဲ့သည်။

သားအိမ်၌ အလုံးတည်ခြင်းသာမက သားအိမ်(သို့) သားအိမ်ခေါင်းတွင် အသားပိုများဖြစ်ခြင်းသည် ပုံမှန်သွေးဆင်းခြင်းကို ဖြစ်စေနိုင်သော်လည်း ခွဲစိတ်ခြင်းဖြင့် ဖယ်ရှားပစ်နိုင်ပါသည်။

ကင်ဆာ၏ကနဦးအခြေအနေတစ်ခုဖြစ်နိုင်သည့် သားအိမ်နံရံထူလာခြင်းတွင်လည်း သွေးဆင်းခြင်းဖြစ်နိုင်ပါသည်။ ထို့ကြောင့်ဆရာဝန်မှ သံသယရှိပါက အသားစယူ၍ စစ်ဆေးခြင်းအပြင် အသားလုံး(သို့) အသားပိုများနှင့်ခွဲခြားရန် တယ်လီဗီးရှင်းဓာတ်မှန်ရိုက်ကူးရန်လည်း အကြံပေးပါလိမ့်မည်။

သွေးဆုံးခြင်းသည် အသက် 45-50 ပတ်လည်တွင်ဖြစ်လေ့ရှိပြီး အမမျိုးဥထုတ်လုပ်မှုကျဆင်းခြင်းနှင့်အတူ ဓမ္မတာလည်း မမှန်ဖြစ်လာပါလိမ့်မည်။ ဓမ္မတာမမှန်ခြင်းဆိုသည်မှာ ရာသီလာမည့်ရက်တွင်မလာခြင်း၊ မလာနိုင်ဟုထင်သောရက်တွင်လာခြင်း၊ ရာသီသွေးများခြင်း စသည်တို့ဖြစ်သည်။ သွေးဆုံးခါနီးတွင်ဖြစ်လေ့ဖြစ်ထရှိသော ရောဂါဝေဒနာများသက်သာစေရန်သောက်သုံးရသော ဟော်မုန်းဆေးများကြောင့်လည်း သွေးဆင်းနိုင်ပါသည်။ သွေးဆုံးပြီးနောက် သွေးဆင်းခြင်းကမူ ပုံမှန်လုံးဝမဖြစ်နိုင်သောကြောင့် ဆရာဝန်နှင့်ပြသသင့်သည်။

သတင်းအရင်းမြစ် Dr. Thinzar Wynn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။