နာမည်ကျော် Planet of the Apes ကားတွေရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ War for the planet of the Apes ကတော့ ပိတ်ကားပြင်ထက်ကို ပြန်လည်ရောက်ရှိလာပါပြီ။ ဒီတစ်ခါတွင်တော့ ရှေ့က ဇာတ်လမ်း၂ခူဖြစ်တဲ့ Rise of the Planet of the Apes နှင့် Dawn of the Planet of the Apes တို့ရဲ့အဆက်ဖြစ်ပြီး Dawn of the Planet of the Apes ကာလပြီးတဲ့အချိန်မှာ လူသားတွေနှင့် မျောက်မျိုးနွယ်တွေကြားမှာ အမှန်းတရားတွေ အာဂတတွေပိုနေတဲ့အချိန်မှာ War for the Planet of the Apes ကို ဇာတ်လမ်းတည်ထားပါတယ်။

ဇာတ်လမ်းအကျဉ်း (Spoiler Warnings)

အမေရိကန် စစ်တပ်အနေနှင့် မျောက်မျိုးနွယ်ဝင်တွေကို အန္တရာယ်ရှိ မျိုးစိတ်အဖြစ်သတ်မှတ်ထားကာ မျောက်တွေကို လိုက်လံသတ်ဖြတ်လျက်ရှိနေတဲ့ ကာလတစ်ခုကို ဆိဇာဦးဆောင်တဲ့ မျောက်မျိုးနွယ်စုကြီးကြုံတွေ့နေရပါတယ်။ တစ်ရက်မှာတော့ ဆီဇာရဲ့သားအကြီး Blue Eyesတစ်ယောက် နယ်မြေဒေသသစ်တ်ခုကို ရှာတွေ့ခဲ့ကာ အဖေဖြစ်သူ ဆီဇာကို သူတို့မျောက်တွေအနေနှင့် ထိုဒေသမှာ သွားနေသင့်ကြောင်း ပြောဆိုကာ ဆီဇာကလည်း သဘောတူညီခဲ့ပါတယ်။ ကံဆိုးစွာနှင့်ပဲ ထိုညမှာ ဆိဇာ၏မိန်းမနှင့်သားကြီး Blue Eyes ကို အမေရိကန်စစ်တပ်မှ စစ်သားတစ်ယောက်က သတ်ဖြတ်သွားခဲ့ရာ ဆီဇာတစ်ယောက်.....

War for the Planet of the Apes မှာ ဟိုးအရင်က Planet of the Apes ကားတွေထဲက ဇာတ်လမ်းတွေအတိုင်းပင် Reference တွေ Easter Eggs များစွာကို ထည့်သွင်းထားသောကြောင့် Planet of the Apes ပရိသတ်တွေအဖို့ကတော့ တော်တော်ကြည့်လို့ကောင်းမှာပါ။ ဇာတ်လမ်းကတော့ အစကနေ အဆုံးအထိ ကြည့်ရှုသူ ပရိသတ်တွေကို အကောင်းဆုံး စွဲဆောင်ထားနိုင်သောကြောင့် လုံးဝ လက်မလွှတ်သင့်သော ဇာတ်ကားကောင်းတစ်ကားပင်ဖြစ်ပါတယ်။

(Ratings)

IMDb - 8/10

Rotten Tomatoes - 93%

Metacritic - 82%

Myanmarload - 4.9/5

Hein (Mg Lu Aye) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။