အဆိုတော် ရေမွန် ကွယ်လွန်သွားပြီဖြစ်ကြောင်း ဝမ်းနည်းစွာဖြင့် အတည်ပြုပြောကြားလာတဲ့ Idiots အဖွဲ့သားများ

//s9.kh1.co/8b/8bdb4c83f22287b2b3be72b1780908bafd9361ba.jpeg
အနုပညာရှင်များ

 ၂၃-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

....

အနုပညာလောကမှာ အမိုက်စား တေးသီချင်း ကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးဝန်းရံမှုတွေကို အခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ Idiots အဖွဲ့ဝင် အဆိုတော် ရေမွန်လည်း အပါအဝင်ပါပဲ ။Rock သီချင်း အမိုက်စားလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာအပြည့်ယူထားပြီး ယောင်္ကျားလေးတွေပါမက မိန်းကလေးပရိသတ်တွေကပါ  အားပေးနှစ်သက်ကြတာပါ ။ 

Photo Credit : Idiots Facebook Page 
Photo Credit : Idiots Facebook Page 

ဒီနေ့ဒီချိန် အထိလည်း ပရိတ်သတ် အားပေးလက်ခံမှု အပြည့်နဲ့ အောင်မြင်မှုရရှိနေတဲ့ ရေမွန်က  သီချင်းကောင်းလေးတွေကိုလည်း ကိုယ်တိုင်ရေးသားသီဆိုသူဖြစ်ပြီး Show ပွဲတွေမှာလည်း အားပါးတရဖျော်ဖြေလေ့ရှိသူပါ။ ယနေ့ ဇွန်လ (၂၃) ရက်နေ့မှာတော့ ရေမွန် ရုတ်တရက် ကွယ်လွန်သွားပြီဖြစ်ကြောင်း idiots အဖွဲ့သားများက ဝမ်းနည်းကြေကွဲစွာ လူမှုကွန်ရက် စာမျက်နှာ ထက်မှာဖော်ပြလာပါတယ် ။

Photo Credit : Idiots Facebook Page 
Photo Credit : Idiots Facebook Page 

ဒီသတင်းကို သိသိချင်း ရေမွန်ရဲ့ ပရိသတ်တွေပါမက အနုပညာရှင်များစွာကလည်း သူတို့ရဲ့ အကောင့်တွေကနေတစ်ဆင့် ဝမ်းနည်းကြောင်း အသီးသီး ဖော်ပြခဲ့ကြပါတယ်။ ရုတ်တရက် ကွယ်လွန်သွားတယ်ဆိုတဲ့ သတင်းက တကယ်ကို မယုံနိုင်စရာပါပဲနော် ။ ပရိသတ်ကြီးအတွက် ရေမွန်ရဲ့ သတင်းလေးကို​ဝေမျှပေးရင်း ရေမွန်တစ်ယောက်လည်း ကောင်းရာ သုဂတိလားပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Source & Photo Credit : Idiots Facebook Page 
Source & Photo Credit : Idiots Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T