ရေမွန်ရဲ့သီချင်းလေးကို စာရွက်ပေါ်ချရေးပြီး YBS ကားပေါ်မှာ ကပ်ခဲ့တဲ့အထိတောင် ဝမ်းနည်းကြေကွဲကာ ယူကြုံးမရဖြစ်နေတဲ့ ပြည်သူတစ်ဦး

//s9.kh1.co/dc/dc20bfbaed6f702ad35aa694ec609621bf0ebe8f.jpeg
နေ့စဉ်သတင်းများ

 ၂၃-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

ရေမွန်ရဲ့သီချင်းလေးကို စာရွက်ပေါ်ချရေးပြီး YBS ကားပေါ်မှာ ကပ်ခဲ့တဲ့အထိတောင် ဝမ်းနည်းကြေကွဲကာ ယူကြုံးမရဖြစ်နေတဲ့ ပြည်သူတစ်ဦး

ပြည်သူလူထုကတော့ ဒီကာလမှာ စိတ်မကောင်းစရာသတင်းတွေကို ကြားသိနေရတာပဲဖြစ်ပါတယ်။ဒီနေ့မနက်ပိုင်းမှာလည်း အဆိုတော်ရေမွန် ဆုံးပါးသွားတဲ့သတင်းက ပြည်သူတွေရဲ့ရင်ထဲမှာ ဝမ်းနည်းနာကျင်မှုတွေနဲ့ ပြည့်နှက်သွားခဲ့ရတာဖြစ်ပါတယ်။ရေမွန်က လူထုလှုပ်ရှားမှုတွေမှာဆိုရင်လည်း တက်တက်ကြွကြွပါဝင်ပေးပြီး ပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ပေးခဲ့တာဖြစ်ပါတယ်။ရေမွန်ရဲ့ သီချင်းတွေကိုလည်း ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်အများအပြားရှိလို့ အခုချိန်မှာ သီချင်းလေးတွေက အမှတ်တရအနေနဲ့ ကျန်ရစ်ခဲ့ပြီဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ရေမွန်က ငှက်ဖျားရောဂါနဲ့ဆုံးပါးသွားတယ်ဆိုပြီး ကနဦးသတင်းတွေထွက်လာပေမယ့် အဲ့ဒီသတင်းက အမှားသာဖြစ်ကာ အစာအိမ်သွေးကြောပေါက်လို့ အခုလိုရုတ်တရက်ကွယ်လွန်သွားကြောင်း သိခဲ့ရပါတယ်။ပြည်သူတွေကတော့ သူတို့အရမ်းကြိုက်နှစ်သက်ရတဲ့အဆိုတော်လည်း ဖြစ်တဲ့အပြင် လက်ရှိအခြေအနေမှာလည်း ပါဝင်လှုပ်ရှားပေးနေတဲ့ သူ့ကို နှမျောတသဖြစ်ပြီး ယူကြုံးမရဖြစ်နေကြတာဖြစ်ပါတယ်။ရေမွန်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေဆိုရင် ဘယ်လောက်တောင်ကြေကွဲဝမ်းနည်းနေကြမလဲဆိုတာကို ကိုယ်ချင်းစာမိပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

အခုဆိုရင်တော့ ရေမွန်ကို အားပေးတဲ့ပရိသတ်တစ်ဦးက သူ့ရဲ့သီချင်းလေးကို စာရွက်ပေါ်မှာရေးသားပြီး YBS ကားပေါ်မှာ ကပ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုး ရုတ်တရက်ခွဲခွါသွားတဲ့ ရေမွန်အတွက် သူ့ရဲ့ပရိသတ်တွေကလည်းထိခိုက်ခံစားနေရတာပဲဖြစ်ပါတယ်။ဆေးကုသမှုခံယူခဲ့ပေမယ့် အချိန်မမှီလိုက်လို့ လူ့အသက်တစ်ချောင်းဆုံးရှုံးလိုက်ရတဲ့အဖြစ်အပျက်ကြောင့် ပြည်သူတွေလည်း နာကျင်ရတာဖြစ်ပါတယ်။ရေမွန်ရဲ့ ပရိသတ်တွေကတော့ သူ့ရဲ့သီချင်းလေးတွေကို ပြန်ကြားယောင်ပြီး ဖြည်မဆည်နိုင်အောင် ဝမ်းနည်းနေကြတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T