ပြုစုစောင့်ရှောက်နေတဲ့ကြားက ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ကြည့်ရင်း မျက်ရည်မဆည်နိုင်တော့ဘဲ ဝမ်းနည်းငိုကြွေးနေတဲ့ မိုးဟေကို

//s9.kh1.co/b5/b5a02bba3c840fb892209551aa6352f4b4520af3.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ပြုစုစောင့်ရှောက်နေတဲ့ကြားက ဆုံးပါးသွားတဲ့ မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ကြည့်ရင်း မျက်ရည်မဆည်နိုင်တော့ဘဲ ဝမ်းနည်းငိုကြွေးနေတဲ့ မိုးဟေကို

တစ်ချိန်ကအောင်မြင်ခဲ့တဲ့ ထိပ်တန်းသရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ မင်းသမီးမိုးဟေကိုကတော့ ပရိသတ်တွေများစွာရဲ့အားပေးချစ်ခင်မှုကိုရရှိနေဆဲဖြစ်ပါတယ်။ ပါဝင်သရုပ်ဆောင်တဲ့ဇာတ်ရုပ်တိုင်းမှာ အကောင်းဆုံးနဲ့အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေတဲ့ သူမကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ရပ်တည်ထားနိုင်ခဲ့ပါတယ်။အေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ မိခင်ဖြစ်သူနဲ့ ဖခင်ဖြစ်သူကို လုပ်ကြွေးပြုစုနေခဲ့ပါတယ်။

Photo credit: Moe HayKo' s IgAcc
Photo credit: Moe HayKo' s IgAcc
Photo credit: Moe HayKo' s IgAcc
Photo credit: Moe HayKo' s IgAcc
Photo credit: Moe HayKo' s IgAcc
Photo credit: Moe HayKo' s IgAcc

မနေ့ကတော့ မိုးဟေကိုရဲ့မိခင်ဖြစ်သူဒေါ်နုနုစိန်ဟာ အသက်(၆၆)နှစ်အရွယ်မှာ ဆုံးပါးကွယ်လွန်သွားခဲ့ပါတယ်။ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါ်နုနုစိန်ဟာ ကျန်းမာရေးမကောင်းတာအတော်ကြာနေပြီဖြစ်ပြီး ကျောက်ကပ်နေ့တိုင်းဆေးနေရတာ​ပဲဖြစ်ပါတယ်။ မိုးဟေကိုကတော့ ကျန်းမာရေးမကောင်းတဲ့မိခင်ဖြစ်သူရဲ့ အနားမှာနေပြီး အချိန်ပေးပြုစုစောင့်ရှောက်ပေးနေရင်း အခုလိုဆုံးပါးသွားလို့ဝမ်းနည်းနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယခုမှာတော့ မိုးဟေကိုဟာ ဆုံးပါးသွားရှာပြီဖြစ်တဲ့ မိခင်ဖြစ်သူရဲ့ရုပ်အလောင်းကို ကြည့်ရင်း အတိုင်းမသိဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ သူမကတော့ "အေးချမ်းသွားပါပြီ ကောင်းရာဘုံဘဝသို့ရောက်ရှိပါစေ " ဆိုပြီး မိခင်ဖြစ်သူနဲ့အတူ ပျော်ရွှင်ရယ်မောခဲ့တဲ့ မမေ့နိုင်စရာအမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက် တင်ပေးလာခဲ့ပါတယ်။မိခင်ဖြစ်သူရဲ့နာရေးမှာ မျက်ရည်မဆည်နိုင်တော့ဘဲ ငိုကြွေးနေတဲ့ မင်းသမီးမိုးဟေကိုရဲ့ ပုံရိပ်လေးတွေကို စိတ်မကောင်းစွာနဲ့ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Moe HayKo' s IgAcc

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T