ဖေဖော်ဝါရီလတစ်ရက်နေ့တည်းကထိန်းသိမ်းခံထားရတဲ့ ဆရာမင်းထင်ကိုကိုကြီးနဲ့အမှတ်တရတွေပြောပြရင်း ခံစားချက်‌တွေဖွင့်ဟလာတဲ့ မေ

//s9.kh1.co/a2/a2a776c2a747afd2f69e3865f2b46121662d0e34.jpg
အနုပညာရှင်များ

 ၂၄-ဇွန်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေက တစ်နေ့တစ်ခြားဆိုးဝါးလာနေတာပဲဖြစ်ပါတယ်။ ပြည်သူ‌ ၈၀၀ကျော်လည်းသေဆုံးခဲ့ရပြီးဖြစ်သလို ပြည်သူတွေထောင်နဲ့ချီပြီးလည်း ဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့သူတွေထဲမှာ အနုပညာရှင်တွေလည်းများစွာပါ၀င်နေပြီး ၅၀၅(က)နဲ့ အမှုဖွင့်အရေးယူခံထားရတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနုပညာရှင်တွေလည်း အများအပြားရှိနေတာကိုတွေ့ရပါတယ်။

Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc

ထွက်ပြေးတိမ်းရှောင်နေရင်း ယမန်နေ့မှာဆိုရင်လည်း ပြည်သူချစ်အဆိုတော်တစ်ဦးဖြစ်တဲ့ ရေမွန်တစ်ယောက် ကြွေလွင့်သွားခဲ့ရတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလတစ်ရက်နေ့တည်းကစတင်ကာ နိုင်ငံ့ခေါင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းသွားခဲ့သလို အရည်အချင်းပြည့်၀တဲ့အနုပညာသမားအချို့လည်းဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ အခုလိုဖမ်းဆီးခံရတဲ့အထဲမှာဆိုရင် ဆရာမင်းထင်ကိုကိုကြီးလည်း အပါအ၀င်ပါပဲ။

Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc

အခုလိုအထိန်းသိမ်းခံထားရတဲ့အပေါ်မှာ မေဟာသူမရဲ့ Facebookစာမျက်နှာမှာ "ဒီမှာလဲ ငါသိပ်လေးစားရတဲ့လက်ဦးဆရာ.. ဘယ်လောက် quality ရှိပြီး တော်လဲသိလား.. အဲ့ဒါလဲ feb 1 ရက်နေ့ထဲကဖမ်းပြီးထိန်းသိမ်းထားတယ်.. အခုလဲ ငါ့သူငယ်ချင်း ရေမွန် ဘယ်တော့မှ ပြန်မလာနိုင်တော့ဘူး.. တကယ်တော်တဲ့ အနုပညာရှင်တွေဆိုတာ ဘယ်လောက်တန်ဖိုးရှိလဲ သိကြလား.. ထောင်ထဲထည့်ရမယ့်သူတွေ မဖြစ်သင့်ပဲနဲ့ သေရမယ့်သူတွေမဟုတ်ဘူး.. မနာလိုခြင်းနိုင်ငံတော်ကြီး.. ဝါလုံးခေါင်းထဲလသာတတ်တဲ့ brainwash တစ်ချို့နဲ့ပဲတန်မယ်....." ဆိုပြီး ခံစားချက်အချို့ကိုရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Candy May's Facebook acc
Photo credit-Candy May's Facebook acc

သတင်း အရင်းအမြစ်Candy May's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T