သူ့ရဲ့ဇာတိရွာလေးကိုလက်နက်ကိုင်တပ်တွေ၀င်ရောက်ဖျက်ဆီးခဲ့တာကြောင့် ဖြစ်ပေါ်ခဲ့ရတဲ့အခြေအနေမှန်ကိုဖွင့်ဟလာတဲ့ ဆရာတေဇာဆန်း

//s9.kh1.co/e0/e09caf55e03c90ec74c6b8fb433d67c71d4b1241.jpg
နေ့စဉ်သတင်းများ

 ၂၄-ဇွန်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဆရာတေဇာဆန်းက မန္တလေးမြို့ကနေမြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးမှာ ပထမဆုံးလမ်းပေါ်ထွက်ပြီး ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဆရာတေဇာဆန်းက ဖိနှိပ်မှုတွေကြားကနေ နိုင်ငံ့အရေးအတွက်စွမ်းစွမ်းတမံအားထုတ်ကြိုးပမ်းနေတာကြောင့် ဖမ်း၀ရမ်းထုတ်ခံထားရတဲ့လူထုခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ စစ်ကောင်စီတပ်တွေက ဆရာတေဇာဆန်းကိုရှာဖွေဖမ်းဆီးနေတာဖြစ်ပြီး မကြာသေးခင်အချိန်ကတော့ ဆရာ့ရဲ့ဇာတိရွာလေးကို ဖိနှိပ်သောင်းကျန်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဆရာတေဇာဆန်းက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ "ဇာတိရွာလေး၏ ငရဲခန်းအင်မတန် အေးချမ်းသာယာတဲ့ ရွာကလေး။ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲမှာ ရှိတယ်။စိမ်းစိမ်းစိုစိုနဲ့ သစ်ရိပ်ဝါးရိပ်လည်း ကောင်း၊ မြေဆီမြေနှစ်လည်း ကောင်း။ မိရိုးဖလာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြတယ်။ တစ်သက်လုံးက အေးအေးချမ်းချမ်း ရိုးရိုးသားသားပဲ နေထိုင်လာကြတဲ့ ချစ်စဖွယ် ကျေးလက်လူ့အဖွဲ့အစည်းလေး။ မနေ့မနက်က ဖြစ်ရပ်က သူတို့တစ်သက် မေ့နိုင်မှာ မဟုတ်တော့၊ တကယ့် ငရဲခန်းပါပဲ......။

Photo credit-Tayzar San's Facebook acc
Photo credit-Tayzar San's Facebook acc
Photo credit-Tayzar San's Facebook acc
Photo credit-Tayzar San's Facebook acc

နံနက် ၉ နာရီလောက်မှာ စစ်ကား (၅) စီး၊ စစ်သား (၁၀၀) ကျော် ရွာထဲကို ဝင်လာသတဲ့။ သူတို့ပါးစပ်တွေက မောင်နဲ့နှမ၊ အမိနဲ့သား ကြားလို့မှ မတော်တဲ့ အရိုင်းအစိုင်း အယုတ်တမာစကားတွေ အော်ဟစ်ပြီး မဲမဲမြင်ရာ အကုန်ပစ်သတဲ့။သွားနိုင်လာနိုင်တဲ့ ရွာသားတွေအကုန် ဘေးလွတ်ရာ တောထဲတောင်ထဲကို ကိုယ်လွတ်ရုန်း ထွက်ပြေးကြရတာပေါ့။ ရုတ်တရပ် မပြေးနိုင်မလွှားနိုင်သူတွေခမျာ ရွာထဲမှာပဲ ကျန်ရစ်ခဲ့ရရှာ။ စစ်လား မေးလားတွေ အကုန်လုပ်။ကျနော့်အိမ်လေးလည်း ဝင်ရောက်မွေနှောက်၊ ဖျက်ဆီးခံရသတဲ့။ တစ်အိမ်လုံး ရစရာမရှိအောင် မွေနှောက်သွားကြသတဲ့၊ ငွေကြေးအားဖြင့် တန်ဖိုးမသင့်နိုင်တဲ့ မိသားစုဓာတ်ပုံလေးတွေ၊ မှတ်တမ်းပစ္စည်းလေးတွေ အတော်များများ ဖျက်ဆီးသွားတယ်၊ ဒါမှမဟုတ် ယူဆောင်သွားကြသတဲ့။ ရွာထဲက အခြားသောအိမ်ကြီးအိမ်ကောင်း၊ အိမ်ငယ်အိမ်ဖျဉ်း အကုန်ဝင်ရှာ၊ ဝင်မွေသတဲ့။ တွေ့သမျှ တန်ဖိုးရှိပစ္စည်း အကုန်ယူကြတဲ့။ခုသိရသလောက် ရွာသူရွာသားများဆီက ဆိုင်ကယ် (၁၅) စီး၊ ဖုန်းများနဲ့ ရွှေငွေအချို့ လုယူဓားပြတိုက်သွားကြသတဲ့။ သေနတ်မှန်သူ (၁) ဦး၊ ဖမ်းဆီးသွားသူ (၁) ဦးရှိသတဲ့။ အချို့သတင်းတွေမှာလည်း ကျဆုံးသူ (၁) ဦး၊ ဖမ်းဆီးခံရသူ (၅) ဦးလို့ ဖော်ပြနေကြပါတယ်.....။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

အိမ်ခြေ (၁၀၀) ကျော်ပဲ ရှိတဲ့ ရွာငယ်လေး၊ ရိုးရိုးအေးအေးပဲ နေကြတဲ့ ရွာကလေး။ ဒီရွာလေးက ဘာအပြစ်များ ရှိလို့လဲဗျာ။ ခုဆို အာဏာသိမ်းမှု (၅) လခန့်အတွင်း ဒီလို ဝင်ရောက်အကြမ်းဖက်ခံရတဲ့ ရွာပေါင်းများစွာ ရှိခဲ့ပါပြီ။ စစ်ကောင်စီ လက်ပါးစေ ခါးပိုက်ဆောင်တပ်တွေက အကြောင်းမဲ့ ရွာထဲဝင် လက်နက်နဲ့ ဓားပြတိုက်၊ လူသတ်ပွဲ၊ လူဖမ်းပွဲ လုပ်ကြပါပဲ။ ခင်ဗျားတို့ဖက်ဆစ်စစ်ကောင်စီတပ်တွေက ဒီလိုမျိုး ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာတဲ့ ဖက်ဆစ်အပြုအမှုတွေ လုပ်လေလေ ကျနော်တို့ ပြည်သူတွေက ပိုမိုမုန်းတီးနာကျဉ်းလေပေါ့ဗျာ။ ၂၀၂၁ မှာ ပြည်သူလူထုကို အကြောက်တရားနဲ့ပဲ အုပ်ချုပ်သွားလို့ ရမယ်ထင်တာလား။ သိပ်မှားသွားမှာပေါ့ဗျာ။ ဒီနွေဦးတော်လှန်ရေးမှာ မြေပြန့်က ဗမာတိုင်းရင်းသားတွေကိုယ်နှိုက်က ခင်ဗျားတို့ဖက်ဆစ်စစ်တပ်ရဲ့ အတွင်းပကတိ ယုတ်မာကောက်ကျစ်တဲ့သဘောကို ကျကျနန ဂဃနဏ သိရှိနားလည်သဘောပေါက်သွားတာကတော့ ကျုပ်တို့အတွက် အရှုံးတွေများစွာအနက်က အမြတ်အကြီးကြီးပဲဗျို့။ ဒီဖက်ဆစ်စစ်တပ်ဟာ ဒီအချိုးမျိုး၊ ဒီလုပ်ရပ်မျိုးကို တိုင်းရင်းသားဒေသတွေမှာ၊ ပြည်တွင်းစစ်ဖြစ်ပွားရာ ဒေသတွေမှာ လုပ်လာတာ နှစ်ပေါင်းများစွာ ရှိခဲ့ပါပြီကော။ ကျနော်တို့‌ဆီမှာ အခုလို ထိထိမိမိ ခံစားရတယ်ဆိုတာက မနေ့ တစ်နေ့ကမှပါ၊ ရက်ပိုင်း လပိုင်းပဲ ရှိပါဦးမယ်။ ဒီဖက်ဆစ်တပ်ရဲ့ ယုတ်မာရက်စက်မှုတွေကို တိုင်းရင်းသားဒေသတွေမှာ ခါးဆီးခံ၊ ရင်ဆိုင်လာရတာ အချို့ဆို နှစ်ပေါင်း (၇၀) ကျော်ခဲ့ပါပြီကော။ခင်ဗျားတို့ စစ်ကောင်စီက လူထုအပေါ် ဖက်ဆစ်ကျင့် ဖက်ဆစ်ကြံတွေ လုပ်လေလေ ကျနော်တို့ လူထုရဲ့ တော်လှန်ရေးသန္နိဋ္ဌာန်နဲ့ ယုံကြည်ချက်ကလည်း ပိုမိုခိုင်မာသထက် ခိုင်မာလာလေပေါ့ဗျာ...." ဆိုပြီးရေးသားမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်နော်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Tayzar San's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T