ကမ္ဘာကြီးပေါ်က ကလေးတချို့ဟာဆိုရင် မွေးရာပါ ဉာဏ်ကောင်းတဲ့ သူေတွအဖြစ်မွေးဖွားလာေလ့ရှိပါတယ်။ ထက်မြက်တဲ့ ကလေးအများစုဟာ သူတို့အသက် ၁၀နှစ်မတိုင်ခင်မှာပဲ သူတို့ရဲ့ ဉာဏ်ရည်စွမ်းဆောင်နိုင်ပုံဟာ အရွယ်ရောက်ပြီးသား လူတစ်ယောက်ထက် သာလွန်တက်ကြပါတယ်။ သမိုင်းတစ်လျှောက်မှာ ထက်မြက်တဲ့ ကလေးများစွာရှိခဲ့ပါတယ်။ ထိုအချိန်တုန်းကဆိုရင် သူတို့လေးတွေဟာ ကျွန်တော်တို့ဘ၀တစ်လျှောက်လုံးမှာ လုပ်နိုင်တာထက်ပိုပြီး လုပ်ဆောင်နိုင်ခဲ့ကြပါတယ်။ သာမာန်ကလေးများနဲ့မတူပဲ ဉာဏ်ရည်ထက်မြက်တဲ့ ကလေးတွေကတော့-----
10. Priyanshi Somani
Priyanshi Somani ဆိုတဲ့ ကလေးမလေးဟာ India နိုင်ငံကဖြစ်ပြီး Mental Calculator လို့တင်စားရလောက်အောင် ဉာဏ်ထက်သူတစ်ေယာက် ဖြစ်ပါတယ်။ သူအနေနဲ့ စိတ်ပိုင်းဆိုင်ရာတွက်ချက်မှုတွေကို အသက် ၆ နှစ်နဲ့တင် စတင်တွက်ချက်ခဲ့တာပါ။ အသက် ၁၁ နှစ်နဲ့သူမဟာ Mental Calculation World Cup 2010 မှာ အသက်အငယ်ဆုံးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ဆုအားလုံးကိုလည်း အနိုင်ရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Mental Calculation World Cup မှာ ဆု၅ခုလုံးအတွက် သူမဟာ တစ်ဦးတည်းသော ၁၀၀ရာခိုင်နှုန်းအပြည့် တွက်ချက်နိုင်ခဲ့သူဖြစ်ပါတယ်။ သူမဟာ “Pogo Amazing Kids Awards 2010” ကို Genius Category နဲ့အတူရရှိခဲ့သူဖြစ်ပါတယ်။ Limca Book of World Records နဲ့ Guinness Book of World Records တို့မှာလည်း သူမရဲ့နာမည်ကို ထည့်သွင်းထားကြပါသေးတယ်။
9. Elaina Smith
Elaina Smith ဆိုတဲ့ကလေးမကတော့ ၇နှစ်နဲ့ ဗြိတိန်မှာ အသက်အငယ်ဆုံး Agony Aunt တစ်ယောက်ပဲဖြစ်ပါတယ်။ Agony Aunt ဆိုတာကတော့ အများအားဖြင့် မိန်းမဖြစ်ပြီး လူတွေကို ပြဿနာတွေ အခတ်အခဲတွေနဲ့ ပတ်သတ်လို့ Magazine နဲ့ သတင်းစာတွေထဲမှာ အကြံပေးတဲ့သူပဲဖြစ်ပါတယ်။ သူမဟာ မြင်ဖူးသမျှထဲမှာ အသက်အငယ်ဆုံး Broadcaster တစ်ယောက်လည်းဖြစ်ပါတယ်။ Agony Aunt ဖြစ်လာပုံကတော့ တစ်ရက်မှာ Elaina လေးဟာ ကောင်လေးနဲ့ကွဲချင်နေတဲ့ ကောင်မလေးတစ်ေယာက်ကိုဖုန်းဆက်ပြီး အကြံပေးခဲ့တာကို ဒေသခံရေဒီယိုဌာနက အသံလွှင့်သူတွေဟာ သဘောကျခဲ့ပါတယ်။ နောက်တော့ Elainaလေးလည်း ရေဒီယိုဌာနာမှာ အလုပ်ရသွားပြီး သူမကို အပတ်စဉ် လူတွေကို အကြံပေးဖို့တောင်းဆိုခဲ့ပါတယ်။ Elaina လေးကလည်း လူတွေရဲ့ပြဿနာအခတ်အခဲေတွကို အကြံပေးနိုင်သလို ရည်စားကောင်လေးဘယ်လိုထားရမလဲ ဆိုတာကိုပါ အကြံပေးလေ့ရှိပါတယ်။
8. Michael Kevin Kearney
အသက်၁၀နှစ်နဲ့ ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံးဘွဲ့ရထားသူလေးကတော့ Michael Kevin Kearneyပဲဖြစ်ပါတယ်။ ၁၉၈၄ခုနှစ်မှာ မွေးဖွားခဲ့ပြီး World Record များစွာကိုလည်း ချိုးဖျက်ခဲ့ကာ အသက်၁၇နှစ်မှာတင် College မှာ စာသင်ကြားသူတစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူ့အသက်လေးလမှာ ပထမဆုံးစကားပြောဆိုနိုင်ခဲ့ပြီး အသက်၆လမှာ သူရဲ့ကေလးအထူးကု ဆရာ၀န်ကို " ကျွန်တော်ရဲ့ဘယ်ဘက်နားမှာ ကူးစက်မှုရှိနေတယ် " လို့ပြောခဲ့ပါတယ်။ အသက် ၁၀လမှာ စာဖတ်နည်းသင်ကြားခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှာ သူဟာ Who Wants to be a Millionaire? ဆိုတဲ့ Television Game Show တစ်ခုမှာ $1,000,000 ရရှိခဲ့ကာ Millionaire တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
7. Gregory R Smith
၁၉၉၀ခုနှစ်မှာ မွေးဖွားခဲ့တဲ့ Gregory R Smithဟာ အသက် ၁၄လအရွယ်မှာ စာအုပ်များကို အလွတ်ကျက်မှတ်နိုင်ခဲ့ပြီဖြစ်ကာ ၁၀နှစ်မှာတော့ တက္ကသိုလ်တက်ဖို့ စာရင်းသွင်းခဲ့ပါတယ်။ သူဘွဲ့ရတဲ့အခါမှာတော့ University of Virginia မှာအသက်အငယ်ဆုံး မဟာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။ အသက် ၁၂နှစ်မှာ Noble ဆုရရှိခဲ့ပြီး International Youth Advocates ကိုစတင်တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။ International Youth Advocates ဆိုတာဟာ ကမ္ဘာတဝှမ်းမှာရှိတဲ့ လူငယ်များအကြားငြိမ်းချမ်းရေးနှင့် နားလည်မှုအခြေခံမူများကိုအားပေးတဲ့ အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။
6. Saul Aaron Kripke
၁၉၄၀ခုနှစ် နို၀င်ဘာ ၁၃ရက်နေ့ နယူးယောက်မှာ Kripke ကိုမွေးဖွားခဲ့ပါတယ်။ အသက်၆နှစ်မှာသူဟာ ရှေ့ဟောင်းဘာသာစကားတစ်ခုဖြစ်တဲ့ Hebrew ဘာသာစကားကို ကိုယ်တိုင်လေ့လာသင်ကြားခဲ့ပါတယ်။ သူ့အသက် ၉ နှစ်မှာ Shakespeare ၀တ္ထုတွေအကုန်ဖတ်ပြီးပါပြီ။ Descartes ရဲ့နည်းလမ်းတွေအပြင် ခက်ခဲတဲ့ သချ္ာပုဒ်စာတွေကိုလည်း သူဟာ ကျောင်းမပြီခင်ကတည်းက တက်ကျွမ်းနေပြီဖြစ်ပါတယ်။ အသက် ၁၇နှစ်မှာ သူ့အတွက် ပထမဦးဆုံး ယနေ့ခေတ် အသုံးပြုနေတဲ့ သီအိုရီတစ်ခုကို ရေးနိုင်ခဲ့ပြီး နောက်တစ်နှစ်မှာပဲ သူ့သီအိုရီကို ထုတ်ပြန်အသုံးပြုခဲ့ပါတယ်။
5. Aelita Andre
Aelita Andre ကို၂၀၀၇ခုနှစ် ဇန်နဝါရီ ၉ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ Aelitaဟာ သူမရဲ့ ပန်းချီတွေကို အသက် ၂ နှစ်နဲ့ နာမည်ကျော် ပြခန်းတွေမှာ ပြထားခြင်းခံထားရသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ ပန်းချီဆွဲတဲ့ပုံစံကြောင့် Aelita ကို Australian စိတ္တဇပန်းချီဆရာ အဖြစ်သိရှိကြပါတယ်။ သူမအသက် ၉ နှစ်နဲ့တင် ခုလို စတင်ပန်းချီဆွဲခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပန်းချီတွေကို အသက်နှစ်နှစ်မှာ တခြားသူေတွနဲ့အတူပြသနိုင်ခဲ့ပြီး Aelita ရဲ့ တစ်ကိုယ်တော်ပန်းချီဖွင့်ပွဲကိုတော့ ဇွန်လ ၂၀၁၁ခုနှစ် နယူးယောက်မြို့မှာ ပြသခဲ့ပါတယ်။ သူမအနေနဲ့တော့ အသက်လေးနှစ်သာရှိပါသေးတယ်။
4. Cleopatra Stratan
အသက်၃နှစ်သာရှိသေးတဲ့ အဆိုတော်မလေးဟာ သူမရဲ့သီချင်းတစ်ပုဒ်ကို 1000€ ရရှိသူဖြစ်ပါတယ်။ Cleopatra ကို ၂၀၀၂ခုနှစ် အော်တိုဘာ ၆ရက်နေ့ Moldova မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ " La Varsta de Trei ani " Album နဲ့ အသက်အငယ်ဆုံး အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ သူမဟာ အသက်အငယ်ဆုံးနဲ့ အများဆုံးပိုက်ဆံပေးရတဲ့ အဆိုတော် ဆိုတဲ့ စံချိန်ကိုရရှိထားသူဖြစ်ပါတယ်။
3. Arfa Karim
Arfa Karim ဟာ ပါကစ္စတန် ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူမအသက် ၉နှစ် ၂၀၀၄ခုနှစ်မှာ အသက်အငယ်ဆုံး Microsoft Certified Professional (MCP) တစ်ယောက်ဖြစ်လာပါတယ်။ သူမကို Bill Gates ကိုယ်တိုင် USA မှာရှိတဲ့ Microsoft Headquarters ကိုအလည်လာဖို့ဖိတ်ခေါ်ခဲ့ဖူးပါတယ်။ ၂၀၁၂ခုနှစ် ၊ ဇန်နဝါရီ ၁၄ရက်ေန့ Lahore ဆေးရုံးမှာ သူမအသက် ၁၆နှစ်နဲ့ သေဆုံးခဲ့ရပါတယ်။
2. Akrit Jaswal
Akrit Jaswal ဟာ IQ 146 နဲ့ " ကမ္ဘာ့အထက်မြက်ဆုံးကောင်လေး " ဆိုတဲ့ဂုဏ်ပုဒ်ကို ရရှိထားသူဖြစ်ပါတယ်။ ၂၀၀၀ခုနှစ် သူရဲ့အိမ်မှာ ပထမဆုံး ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကိုလုပ်ပြရင်း လူအများရဲ့ စိတ်၀င်စားမှုကိုရရှိခဲ့ပါတယ်။ အသက် ၇နှစ်နဲ့ မိန်းကလေးတစ်ယောက်လက်မီးပူလောင်တာကို ခွဲစိတ်ပေးခဲ့တဲ့အချိန်ကစပြီး လူတွေဟာ သူ့ကို အံ့ဩသင့်ခဲ့ကြပါတယ်။ အသက် ၁၂ နှစ်မှာ ကင်ဆာရောဂါကို ကုသနိုင်မယ့်နည်းလမ်း ရှာတွေ့ခံနီးပြီးလို့ ပြောခဲ့ဖူးပါတယ်။
1. Kim Ung Yong
ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး ကလေးကတော့ ၁၉၆၂ခုနှစ် မတ်လ၈ရက်နေ့ Koreaမှာမွေးဖွားခဲ့တဲ့ Kim Ung Yong ပဲဖြစ်ပါတယ်။ ဂင်းနစ်စံချိန်ကို သူရဲ့ IQ 210 နဲ့ချိုးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ Korean, Japanese, English နဲ့ German ဘာသာစကားတွေကို အသက်၄နှစ်မှ ဖတ်နိုင်ခဲ့ပါတယ်။ သူ့အသက် ၃နှစ်နဲ့၆နှစ်ကြားမှာ Hanyang University ကို ရူပဗေသကျောင်းသားအနေနဲ့ တက်ခဲ့ပါတယ်။ အသက်၇နှစ်မှာတော့ အမေရိကန် NASAမှ အလည်လာခဲ့ဖို့ ဖိတ်ခဲ့ပါတယ်။ ၁၅နှစ်မတိုင်ခင် Colorado State University မှာ ကျောင်းပြီးခဲ့ပြီး Ph.D ရရှိခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Wonderland