အဓမ္မကျင့်ဖို့ ကြိုးစားတာ မရလို့ ကားပေါ်မှ ဓားနဲ့ထိုးပစ်ချ

22-10-2016မနက်၈နာရီ၄၅အချိန်ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာဒုံမြို့နယ်အမှတ်၃လမ်းမညောင်ပင်မှတ်တိုင်ယမုံနာလမ်းသွယ်တွင်အမျိုးသမီးတဦးဓါးဒဏ်ရာများဖြင့် ကားပေါ်မှပစ်ချသွားခဲ့သည်။

အမျိုးသမီးမှာမစန္ဒာလွင်အသက်၁၈နှစ်မ/၄၄၅ဆရာစံလမ်းမြောက်ဒဂုံ၃၃ရပ်ကွက်နေထိုင်ဟုသိရပြီးလမ်းလျှောက်နေစဉ်ကားပေါ်ဆွဲတင်ကာမောင်းပြေးပြီးကားပေါ်တွင်ဓါးထောက်ပြီးအဓမ္မပြုကျင့်ရန်ကြိုးစားဟုလူနာမှပြောကြားခဲ့သည်။ လည်ပင်းဓါးဒဏ်ရာ၂ချက်ဘယ်ဘက်လက်ဓါးဒဏ်ရာ၂ချက်ဦးခေါင်းရိုက်နှက်ဒဏ်ရာ၁ချက်ပုလဲမြို့အရန်မီးသတ်တပ်ဖွဲ့မှအချိန်မှီဆေးဝါးကုသမှု့များပြုလုပ်ကာမေဓါဝီဆေးရုံသို့ပို့ဆောင်ကူညီလူနာအသက်မှီခဲ့ခြင်းဖြစ်သည်။ ဖုန်းဆက်အကူအညီတောင်းခံခဲ့သောရတနာဆီဆိုင်မှအရောင်းဝန်ထမ်းညီငယ်များကြောင့်လည်းအချိန်မှီကယ်တင်နိုင်ခဲ့ချင်းဖြစ်သည်ဟု facebook သုံးစွဲသူ တစ်ဦးမှ တင်ထားခဲ့သည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။