ရုပ်ရှင်သည် ပြည်သူ့အတွက် လို့ ကြွေးကြော် နေသူတွေ အတွက် တော့ ည ရုပ်ရှင် ဟာ သင်ခန်းစာ ကြီး တစ်ခု ဖြစ် သွားပါလို့ ဇာဂနာက ဆိုလိုက်ပါတယ်။လက်ရှိပြသနေဆဲ “ ည” ဇာတ်ကား သရုပ်ဆောင်များက ပွဲဦးထွက် အနုပညာလောကမှာ ပထမဆုံးစတင်သရုပ်ဆောင်တဲ့ မင်းသား၊မင်းသမီးအသစ်တွေဖြစ်ပြီး ရက်ပေါင်း (၁၅၀) အတွင်း ညကိုပုံဖော်ရိုက်ကူးခဲ့တာပါ။ မရိုက်ကူးခင်ကတည်းက ဒါရိုက်တာစီစဉ်မှုနဲ့ ကြိုတင်ပြင်ဆင် လေ့ကျင့်ခဲ့ကြကြောင်းလည်း သိရပါတယ်။

“ ကျွန်တော် ထောင်ကလွတ်တော့ ပထမ အကြိမ် The art of freedom film festival ကျင်းပခဲ့တဲ့အခါ ထူးပိုင်ဇော် ဦး ဆိုတဲ့ ဆရာဝန် ဒါရိုက်တာ လေး နဲ့တွေ့ဆုံခဲ့ ရပါတယ်။

စိတ်ကူးအသစ် အဆန်း ၊ တင်ပြ ပုံ အပြောင်း အလဲ တွေ နဲ့ အားထုတ် နေခဲ့ သူ လို့ အသိအမှတ်ပြုခဲ့ မိပါတယ်။သူ ကိုယ် တိုင် ဇာတ်ညွှန်းရေး ဒါ ရိုက်တာလုပ် ပြီး ည ဆိုတဲ့ ရုပ်ရှင် ရိုက်ပြီ ဆိုတော့ ဝမ်းမြောက်မိပါတယ်။သရုပ်ဆောင် အသစ် တွေကို စနစ်တကျ စခန်းသွင်း လေ့ကျင့် ရိုက်ကူးပြန်တယ် ဆိုတော့ အားထုတ် မှုအတွက် ကျေနပ်မိပါတယ်။

ခု သူ့ အားထုတ် မှု ကို သည် နေ့ ည အကဲ ခတ် ခွင့် ရလိုက်ပါပြီ။

Psychological thriller drama လို့ အမျိုးအစား ခေါင်းစည်းတပ်ထား လေတော့ တံဆိပ်ကပ်ထားသလို ကြည့်ရတော့တယ်။

Psycho ရုပ်ရှင် နဲ့ လိုက်ဖက် တဲ့ ကင်မရာ အယူအဆ အလင်းအမှောင် တို့ကို ဇာတ်အဖွင့်မှာ သာ တွေ့လိုက်ရပြီး နောက်ထပ် မတွေ့ရလေတော့ မချင့်မရဲ ဖြစ်ခဲ့ရတယ်။

ဇာတ် အတွက် မလိုအပ် တဲ့ သိန်း ၂၀၀ တို့ ကိုယ်ဝန် ရှိ နေလို့ဆိုတဲ့ စကားတွေ ကြောင့် ရယ်စရာ ဖြစ်ခဲ့ ရတာ စိတ် မကောင်းခဲ့ပါဘူး။

April fool အလုပ်ခံရတဲ့ ထရေစီ ရဲ့ စိတ္တဇဆန်ဆန် အပြော အမူအရာ တွေက ရုပ်ရှင်ကို အားတစ်ခု ဖြစ် စေ ခဲ့တာ ကြောင့် ဒါရိုက်တာ ရဲ့ သင်ကြားပေးနိုင်မှု ကို လက်ခုပ် တီး ပါရစေ။

လေယာဉ်ကွင်း အရုပ် ကို parallel လာထည့်တာမျိုး၊ငြိမ်းသော် ဖုန်းနဲ့ ရပ် ဆဲလ် က ချမ်းမင်း ဆီ ဆက် တဲ့အခန်းမျိုးတွေမှာ ပေါ့ပေါ့ဆဆ အလင်းအမှောင် သုံးတာမျိုး သေးသေးဖွဲဖွဲ အမှားတွေလောက်တော့ မေ့ ပစ်လို့ ရပါတယ်။

အစစ အရာရာ စျေးတွက်တွက်၊ဂျူ တီ ကိုက် အောင် ဇယား နဲ့ ရိုက် ပြီး ရုပ်ရှင်သည် ပြည်သူ့အတွက် လို့ ကြွေးကြော် နေသူတွေ အတွက် တော့ ည ရုပ်ရှင် ဟာ သင်ခန်းစာ ကြီး တစ်ခု ဖြစ် သွားပါပြီ။

တကယ်လို့များ မြန်မာ့ရုပ်ရှင် ရဲ့ အပြောင်းအလဲ ဆို ရင်တော့ ည ဇာတ်ကား က စ တယ် လို့ ကမ္ဗည်းထိုး ရပါတော့မယ်” လို့ဆိုထားပါတယ်။

“ည”ဇာတ်ကားမှာ သရုပ် ဆောင်တွေက သူတို့ရဲ့နာမည် အရင်းတွေနဲ့ပဲ သရုပ်ဆောင် ထားပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်း ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးပုံဖော်ထားကြောင်း သိရှိရပါတယ်။

Aung

သတင်းအရင်းမြစ် ဇာဂနာဖေ့စ်ဘွတ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။