ရက်(၂၀)ကျော်တဲ့အထိ အကူအညီတွေမရလို့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေထိုင်နေရပြီး ဝမ်းပျက်ဝမ်းလျောဖြစ်နေကြတဲ့ ဒီမောဆိုက စစ်ဘေးရှောင်ကလေးငယ်များ

//s9.kh1.co/b8/b8c18a627bea780e44b9efdc3850582f48e37f3f.jpg
နေ့စဉ်သတင်းများ

 ၂၅-ဇွန်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

ရက်(၂၀)ကျော်တဲ့အထိ အကူအညီတွေမရလို့ ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေထိုင်နေရပြီး ဝမ်းပျက်ဝမ်းလျောဖြစ်နေကြတဲ့ ဒီမောဆိုက စစ်ဘေးရှောင်ကလေးငယ်များ

ကယားပြည်နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့လို့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေခဲ့ရပါတယ်။ ယခုရက်ပိုင်းအတွင်း အပစ်အခတ်ရပ်စဲထားတာကြောင့် နေအိမ်ဆီပြန်လာနေကြတဲ့ စစ်ဘေးရှောင်တွေလည်းရှိသလို စစ်ကောင်စီတပ်တွေကို အယုံအကြည်မရှိတာကြောင့် ဆက်လက်စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ စစ်ဘေးရှောင်နေကြတဲ့ ပြည်သူတွေထဲမှာ ကလေးငယ်တွေ၊သက်ကြီးရွယ်အိုတွေလည်းပါတာကြောင့် ဆေးဝါးပစ္စည်းတွေ အမြန်လိုအပ်နေကြပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ယနေ့မှာတော့ မိုးဗြဲနဲ့ ဒီမောဆိုကြားမှာရှိတဲ့ လီဝိုးရွာကစစ်ဘေးရှောင်ပြည်သူ(၂)ထောင်ကျော်ဟာ ရက်(၂၀)ကျော်တဲ့အထိ အကူအညီတွေမရတာကြောင့် ဒုက္ခပင်လယ်ဝေနေကြပါတယ်။အဆိုပါစစ်ဘေးရှောင်ပြည်သူတွေဟာ ကျောက်ဆောင်တွေကိုအဖီဆွဲပြီး ခက်ခက်ခဲခဲနဲ့ ရုန်းကန်နေထိုင်နေရရှာပါတယ်။ အဆိုပါစစ်ဘေးရှောင်စခန်းမှာရှိတဲ့ ကလေးငယ်လေးတွေဟာ ဝမ်းပျက်ဝမ်းလျောဖြစ်နေကြသလို လူကြီးတွေဟာလည်း ကိုက်ခဲဖျားနာတဲ့ ဝေဒနာတွေကို ခံစားနေရရှာပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ပြည်သူတစ်ဦးက " မိုးဗြဲနဲ့ ဒီမောဆို ကြားမှာရှိတဲ့ လီဝိုးရွာက ပြည်သူ နှစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရတာရက်ပေါင်း (၂၀)ကျော်တဲ့အထိ အကူအညီတွေ မရောက်သလောက် ဖြစ်နေပါတယ်။ကြားရွာဖြစ်နေလို့ အလယ်လပ်နေတဲ့သဘောပါ။မိုးဗြဲ အကူအညီကောဒီမောဆို အကူအညီကော သိပ်မရောက်ပါ။အဓိကလိုနေတာက ဆေးဝါး၊ ရိက္ခာ၊ မိုးကာနဲ့ အခင်းပါ။ကလေးတွေက ဝမ်းပျက်ဝမ်းလျော လူကြီးတွေက ကိုက်ခဲဖျားနာ ဖြစ်နေပါတယ်။နီးစပ်တဲ့သူတွေ ကူညီပေးစေချင်ပါတယ်ခင်ဗျာ။လုံခြုံရေးအတွက်ကျောက်တောင်ကို အဖီဆွဲနေကြတာပါ။ ကိုယ့်အသိရွာသားတွေပါ။ စစ်ရေးအခြေအနေအရ မိသားစုဝင် အားလုံးနေရပ်ပြန်ဖို့ မဖြစ်နိုင်သေးပါ "ဆိုပြီး ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူတွေကတော့ စစ်ဘေးရှောင်ကလေးငယ်လေးတွေရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T