ငြိမ်းချမ်းလွန်တာကြောင့် ရေသေနတ်တောင် မရှိ‌ေစရဟု ချမှတ်ထားတဲ့ နိုင်ငံနှင့် တခြားထူးဆန်းသော ဥပဒေတွေရှိရာ နိုင်ငံများ

//s9.kh1.co/8b/8b5fe571bcaa070d498c293bf72a83cd8ff81a91.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

သင့်အနေနဲ့ ဘယ်တိုင်းပြည်မှာပဲနေနေ ဥပဒေဆိုတာကို သိရှိကြမှာပါ။ ဒါပေမယ့် တချို့သောနိုင်ငံတွေမှာ သင့်အနေနဲ့ မကြုံဖူး မကြားဖူးလောက်တဲ့ ဥပဒေအထူးအဆန်းတွေ ရှိပါတယ်။ ဥပမာအနေနဲ့ ချီကာဂိုမှာဆိုရင် အကကြမ်းပြင်ပေါ်မှာအိပ်ခြင်း၊ ခွေးကိုဝီစကီတိုက်ခြင်း၊ မီးလောင်ပြီးသာ အဆောက်အအုံမှာ စားသောက်ခြင်းတွေဟာ ဥပဒေနဲ့ မညီပါဘူး။ ထိုလိုတလွဲဟာသပေါက်တဲ့ ဥပဒေတွေရှိရာ တခြားနိုင်ငံတွေကတော့------

https://s9.kh1.co/__image/w=650,h=407,q=100/8c/8c73a2d1575be5e88f8a5c95dd52711c4bce852d.png

Poland

https://s9.kh1.co/__image/w=650,h=481,q=100/b0/b03e3f46aa67a47d1af00e28cae7af2b2c87546d.jpg

Poland မှာ ကလေးရောလူကြီးပါ Winnie The Pooh ကိုကြိုက်ခွင့်မရှိပါဘူး။ Winnie The Pooh ဆိုတာ ကလေးသူငယ်တွေကြိုက်နှစ်သက်တဲ့ ကာတွန်း ဇာတ်ဆောင်တစ်ယောက်ပါပဲ။ အကြောင်းအရင်းကတော့ သူ့မှာဘောင်ဘီးမပါလို့ပါပဲ။ ကလေးသူငယ်တွေအတွက် ဒီလိုအရာဟာ မသင့်တော်ဘူးထင်တာကြောင့် ခုလိုဥပဒေချမှတ်လိုက်တာပဲဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=416,q=100/fa/fa0840ea00ded9e1cd1e4e3c189dd07d93206bc0.png

Cambodia

https://s9.kh1.co/__image/w=500,h=500,q=100/8c/8cc8dad9804782ba53d23ac292647c4278a1cc6a.jpg

Cambodia မှာတော့ သင့်အနေနဲ့ ရေသေနတ်‌ရှိလို့မရပါဘူး။ အကြောင်းအရင်ကတော့ New year ပွဲတော်တွေမှာ ရေသေနတ်တွေ အသုံးပြုတာက အဓိပ္ပာယ်မရှိဘူးလို့ ထင်မိလို့ပါပဲ။ ၂၀၀၂ခုနှစ်မှာ " ငါတို့နိုင်ငံဟာ ငြိမ်းချမ်းတဲ့တိုင်းပြည်ဖြစ်သလို ရေသေနတ်တွေနဲ့ကစားကြတာ ကြည့်ရဆိုးတာကြောင့် ရေသေနတ်အသုံးမပြုရ " ဆိုပြီး ကြေညာခဲ့ပါတယ်။ ရောင်း၀ယ်ခွင့်ပါပိတ်ပင်ထားတာမို့ သင့်ဆိမှာ ရေသေနတ်ရှိနေရင်တော့ ဥပဒေချိုးဖောက်တာပါပဲ။

https://s9.kh1.co/__image/w=650,h=390,q=100/fb/fbff7a1d4046cb766068868fe1ebaf26d7e493b8.png

Germany

https://s9.kh1.co/__image/w=650,h=434,q=100/b7/b7468f175485e6d631e0f52457e3f3f7a9ea8d18.jpg

Sunday မှာ မြက်ရိတ်ရင် ဥပဒေနဲ့မညီတဲ့ နိုင်ငံကတော့ Germany နိုင်ငံပဲဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ဂျာမနီနိုင်ငံမှာ လူဦးရေ ၈၂သန်းထက် ပိုရှိပြီး ‌မြေဧရိယာကတော့ 357,386 km² ပဲရှိပါတယ်။ ဒါကြောင့်သူတို့နိုင်ငံဟာ လူဦးရေထက် မြေဧရိယာက နည်းနေတာကြောင့် အသံများ ဆူညံလျက်ရှိပါတယ်။ ဒါကြောင့် Sundayလိုရုံးပိတ်ရက်မျိုးမှာ အနား၀၀ယူ‌နိုင်အောင် ဆူညံသံတွေ မရှိခြင်းတာကြောင့် Sundayတိုင်း မြတ်မရိတ်ရဆိုတဲ့ ဥပဒေကို ထုတ်ပြန့်ခဲ့ပါတယ်။ သူတို့နိုင်ငံမှာ တခြားထူးဆန်စွာ ချမှတ်လိုက်တဲ့ ဥပဒေတွေရှိပါသေးတယ်။ လူတစ်ယောက်က သူ့အိမ်နီးနားချင်း မွေးထားတဲ့ဖားကြောင့် ညညအိပ်မပျော်ရဘူးဆိုပြီး စွဲချက်တင်ခဲ့ကာ တရားသူကြီးက ဖားဆိုတာ သဘာ၀အလျောက် ခုလိုညညဆို အော်မိမှာပါပဲ။ ဒါကြောင့် ထိုသူကို နားကြပ်တပ်အိပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်လူတစ်ယောက်ကတော့ ဘေးအိမ်ကခွေးဟာ အရမ်းဟောင်ကြောင်း တရားသူကြီးကိုပြောပြတဲ့အခါ ထိုခွေးကိုတစ်နေ့ မိနစ်၃၀ပဲဟောင်ဖို့ သတ်မှတ်လိုက်ပါတယ်။

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T