အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းသည် ၀ါရင့်နောက်ခံလူ ဂျာဂယ်လ်ကာကို စာချုပ်သက်တမ်း တစ်နှစ်တိုးမြှင့်ချုပ်ဆိုခဲ့သည်။

အသက် ၃၄နှစ်အရွယ်ရှိ အဲဗာတန်အသင်းနှင့် အသင်းခေါင်းဆောင် ဂျာဂယ်လ်ကာတို့၏ စာချုပ်ဟောင်းမှာ သက်တမ်း(၁)နှစ်ကျန်နေသေးသော်လည်း ၂၀၁၉ အထိ သက်တမ်းတိုးခဲ့တာပါ။

အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း ဂျာဂယ်လ်ကာသည် အဲဗာတန်အသင်းသို့ ၂၀၀၇ ခုနှစ်က ရောက်လာခဲ့ပြီး အဲဗာတန်အသင်းအတွက် ပွဲပေါင်း ၃၅၀ ခန့်ကစားထားသည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။