'၀' မိတာ အပြစ်လားဆိုတဲ့ ဂျပန်နိုင်ငံနှင့် စိတ်၀င်စားဖွယ်ရာ နေရာများ

//s9.kh1.co/5b/5bf0f0189ea32fef047cee60cd484e21d30e6c01.jpg
ဗဟုသုတအဖြာဖြာ

 ၂၅-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ဂျပန်နိုင်ငံဟာဆိုရင် Asia မှာ စိတ်၀င်စားဖွယ်ရာများစွာရှိတဲ့ နိုင်ငံတစ်ခုပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဆိုရင်လည်း တတိယ အကြီးမားဆုံး စီးပွာရေးနိုင်ငံဖြစ်ပါတယ်။ ဂျပန်လူမျိုးတွေဟာ အလုပ်ကြိုးစားသူများဖြစ်ပြီး သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံစံတွေကလည်း စိတ်၀င်စားဖို့ ကောင်းပါတယ်။ ဒါကြောင့် Anime လောကရဲ့ပဲ့ကိုင်ရှင် ဂျပန်နိုင်ငံနဲ့ပတ်သတ်လို့ စိတ်၀င်စားဖို့ကောင်းတဲ့ အကြောင်းအရာတချို့ကို ဖော်ပြလိုက်ပါတယ်။

https://s9.kh1.co/__image/w=650,h=487,q=100/08/085590ea0ecb6a4504b5dd82215ba7ca3c6bd458.jpeg
https://s9.kh1.co/__image/w=474,h=316,q=100/44/44bcbca66635245a2a2089cba40d4e16c5c355d4.jpg

ဂျပန်နိုင်ငံရဲ့ ဥပဒေတွေထဲက တစ်ခုမှာ ၀လို့မရပါဘူး။ ခါးပတ်ပတ်လည်မှာ အနည်းငယ်လောက် ထူမိရင် ဥပမာ ဗိုက်ခေါက်လိုမျိုး ဖြစ်‌ေနမိတာနဲ့ သင့်ဟာဥပဒေအရ အရေးယူခံရမှာဖြစ်ပါတယ်။ သင့်အသက် ၄၀နဲ့၇၉နှစ်ကြားမှာ ဆရာ၀န်တွေက သင့်ရဲ့ခါးကိုတိုင်းဖို့လိုပါတယ်။ ယောက်ျားတွေအတွက် ခါးဆိုက်က ၃၃.၅လက်မဖြစ်ပြီး မိန်းမတွေအတွက်ကတော့ ၃၅.၅လက်မဖြစ်ပါတယ်။ တိုင်းတာပြီးတာနဲ့ အစိုးရဆိကို အကြောင်းပြန်ရပါတယ်။

https://s9.kh1.co/__image/w=650,h=465,q=100/e5/e5616171088c6eb111c443368682fa41ce76915e.jpg
https://s9.kh1.co/__image/w=650,h=434,q=100/a4/a4d8056fab1b660118c5ab4ca911ff135580fea7.jpg

ဂျပန်နိုင်ငံရဲ့နာမည်ကြီး နေရာတွေထဲကတစ်ခုဖြစ်တဲ့ Akihabara မှာဆိုရင် ခေတ်သစ်ဂျပန်လူမျိုးတွေရဲ့ရိုးရာများကိုတွေ့ရှိနိုင်သလို Anime၊ Video Game၊ Manga၊ Electronic ပစ္စည်းများ နဲ့ ကွန်ပျူတာနဲ့ပတ်သတ်တဲ့ ပစ္စည်းများကို အလွယ်တကူ ရှာဖွေ၀ယ်လို့ရနိုင်ပါတယ်။ ထိုနေရာတစ်ဝိုက်မှာ နာမည်ကြီး Anime နဲ့ Manga တွေရဲ့ Iconတွေကို ဖော်ပြထားလေ့ရှိပါတယ်။ နောက်ထပ်နာမည်ကြီးနေရာကတော့ Kabukichō ဖြစ်ပြီး ဂျပန်အပြာလောကနဲ့ ပတ်သတ်တဲ့ နေရာဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ Porn မင်းသားမင်းသမီးတွေနဲ့လည်း တွေ့ရှိလို့ရနိုင်တဲ့ နေရာဖြစ်ပြီး လည်ပတ်စရာတွေလည်းများစွာရှိသလို " မအိပ်သော မြို " လို့လည်းခေါ်ကြပါ‌ေသးတယ်။ ဂျပန်ကိုရောက်တဲ့အခါ Akihabara နဲ့ Kabukichō ကတော့ သွားရောက်လည်ပတ်သင့်တဲ့ နေရာဆိုလည်း မမှားပါဘူး။

https://s9.kh1.co/__image/w=650,h=434,q=100/55/5560ec06492bb93f07b94373ab1c5580a405ccc4.jpg
https://s9.kh1.co/__image/w=650,h=434,q=100/fb/fb0d91de082702fc3c4a701d4dc14135df195160.jpg

သတင်း အရင်းအမြစ်Wonderlist

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T