သူမရဲ့ အဖေလို ခြေတစ်ဖက် မသန်စွမ်းတဲ့ ဘဝတူဦးလေးကြီးတစ်ယောက်ကို အလှူငွေနဲ့ စားနပ်ရိက္ခာများ လှူဒါန်းပေးခဲ့တဲ့ မမဆောင်း

//s9.kh1.co/c3/c33c794c34a195800c6c6d8234b8a7ce82331286.jpeg
အနုပညာရှင်များ

 ၂၅-ဇွန်-၂၀၂၁ ၆pm · လွန်ခဲ့သော ၃ နှစ် က

.....

မမဆောင်းလို့ အားလုံးက ချစ်စနိုး ခေါ်ကြတဲ့ မင်းသမီးချောလေး ဆောင်းအိန္ဒြေထွန်းကတော့ ဆယ်စုနှစ်တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေကို တစ်ခဲနက် ရရှိထားတာ ဖြစ်ပါတယ်။ မမဆောင်းက လူတိုင်းအပေါ်လည်း ကူညီချင်စိတ်ရှိပြီး သူမ ရရှိတဲ့ အနုပညာကြေးတွေနဲ့လည်း အလှူအတန်းတွေများစွာ ပြုလုပ်လေ့ ရှိသူ တစ်ယောက်ပါ ။  

Photo Credit : မမဆောင်း Facebook Page
Photo Credit : မမဆောင်း Facebook Page
Photo Credit : မမဆောင်း Facebook Page
Photo Credit : မမဆောင်း Facebook Page

ဒီလိုကာလတွေမှာဆိုရင် အကုန်လုံးက အလုပ်အကိုင်တွေလည်း အဆင်မပြေကြသလို လက်လုပ်လက်စား ပြည်သူတွေဆို တစ်နေ့လုပ်မှ တစ်နေ့ စားသောက်ရသူတွေမို့ ပိုလို့တောင် ခက်ခဲနေကြတာပါ ။ဒီလိုအခက်အခဲတွေကို စေတနာရှင် ပြည်သူတွေကပဲ လက်လှမ်းမီသလောက် ကူညီထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ် ။ မမဆောင်းကလည်း သူရဲ့ ချွေးနှဲစာလေးနဲ့ အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ ခဏတာပဲ ဖြစ်ဖြစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး အလှူလေးတွေ ပြုလုပ်ပေးခဲ့ပါတယ် ။

Photo Credit : မမဆောင်း Facebook Page
Photo Credit : မမဆောင်း Facebook Page
Photo Credit : မမဆောင်း Facebook Page
Photo Credit : မမဆောင်း Facebook Page

အခုလည်း မမဆောင်းက မွန်မြတ်တဲ့ အလှူလေးတစ်ခုကို ပြုလုပ်ခဲ့ပါတယ် ။ ဒီအလှူလေးကတော့ သူမရဲ့ အဖေလို ခြေတစ်ဖက် မသန်စွမ်းတဲ့ ဘဝတူဦးလေးကြီးတစ်ယောက်ကို အလှူငွေများနဲ့ အခြေခံ စားသောက်ကုန်များ သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ် ။ အလှူလက်ခံရရှိတဲ့ ပုံရိပ်လေးတွေနဲ့ဘအတူ " ဒီနေ့ မမဆောင်း ရဲ့ အဖေများနေ့ အမှတ်တရအလှု အဖေများနေ့က နေမကောင်း လို့ဒီနေ့ မှ အဖေ့လို ခြေတဖက်မသန်စွမ်းခဲ့တဲ့ ဘဝတူ ကိုချစ်စနိုး ကို အလှုငွေနဲ့ စားသောက်ကုန်တွေ သွားရောက်လှုဒါန်းခဲ့ပါဒယ် အဖေ  က မမဆောင်း ၁၀ နှစ်သမီးက ဆုံးသွားဒါပါ ခြေတစ်ဖက်မသန်ပေမဲ့ ချောင်းဆုံမြို့နယ် ရွာလွတ်ရွာမှာ Make In ရွာလွတ် တံဆိပ်နဲ့ဆေးတံ ,ရေနွေးအိတ်,ဆိုဖာ ထုတ်လုပ်သူ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ခဲ့ပါတယ် မသန်ပေမဲ့ စွမ်းကြတဲ့ သူတွေကို ဂုဏ်ယူလျှက်ပါလို့ ချစ်တို့ရေ အဖေနဲ့ အမှတ်တရကတော့  အဖေ က ဒူးနံ့နေဒါကို ခြေထောက်တဖက်ပဲရှိဒါကို ပေါင်ပေါ်အတင်းတက်ထိုင် ,အခုမှတွေးမိဒါက သူတော်တော်နာမှာ အမေ့ကိုပဲ ကျေးဇူးဆပ်လိုက်ရတယ် အဖေ့ ကို ကျေးဇူးမဆပ်လိုက်ရလို့ တောင်းပန်ပါဒယ်အဖေ " ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေးရင်း မမဆောင်းလည်း ဒီထက်မက လှူဒါန်းနိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : မမဆောင်း Facebook Page  
Source & Photo Credit : မမဆောင်း Facebook Page  
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T