မျက်နှာသစ်သရုပ်ဆောင် အိန်ဂျယ်လမုန်က စကားပြောရာမှာ “ည” ဆိုပြီး မိမိကိုယ်ကို ညွှန်းဆိုလေ့ရှိသလို လက်ရှိမှာတော့ လက်ခံထားတဲ့ ကြော်ငြာလေးတွေ ရိုက်ကူးနေသလို မကြာခင်ထွက်ရှိမယ့် ရုပ်ရှင်တစ်ကားနဲ့ ဗီဒီယိုနှစ်ကားထွက်ဖိုု့ကို စောင့်မျှော်နေမိကြောင်းနဲ့ သရုပ်ဆောင်သင်တန်း မတက်ထားပေမယ့် လက်ခံပြီးသား ဇာတ်ရုပ်တွေကိုတော့ အကောင်းဆုံးဖြစ်အောင်သရုပ် ဆောင်ထားကြောင်း ဆိုလိုက်ပါတယ်။

“ “ည”ကသရုပ်ဆောင်သစ် ဖြစ်သလိုု ခုုမှစပြီးရိုက်တာဆိုုတော့ အရမ်းကြီးရွေးချယ်လိုု့မရသေးဘူး။ “ည” လက်ခံပြီးသားဇာတ်ရုပ်မှာတော့ အကောင်းဆုံးဖြစ်အောင်သရုပ် ဆောင်တယ်။ “ည” ပရိသတ်တွေ အတုယူမှားစေမယ့် ဇာတ်ရုပ်မျိုးတော့ “ည” သရုပ်ဆောင်မှာ မဟုတ်ပါဘူး။ “ည” မိဘတွေကလည်း အဲဒီလို ဇာတ်ရုပ်မျိုးရိုက်ခိုင်းမှာ မဟုတ်ပါဘူး။ ပညာပေး ဇာတ်လမ်းတွေမျိုး ဆိုရင်တော့ ရိုက်မယ်” လို့ 8 Days မီဒီယာကိုပြောကြားထားတာပါ။

အနုပညာက “ည”ဘဝရဲ့ အိပ်မက်တစ်ခုလို့ အိန်ဂျယ်လမုန်က သတ်မှတ်ထားရှိသလို ငယ်ရွယ်စဉ် ကာလကတည်းက သရုပ်ဆောင် ကိုုသားကြီး ဒွေးကိုု သဘောကျခဲ့သူတစ်ယောက်ပါ။ဒါပေမယ့် အိန်ဂျယ်လမုန် မိဘ ၊ အဘိုုးအဘွားတွေကအစ အိန်ဂျယ်လမုန် အတွက် ပညာရေးဘက်ကိုပဲ ဦးတည်စေချင်ခဲ့ကြောင်း အိန်ဂျယ်လမုန်ကဆိုပါတယ်။အိန်ဂျယ်လမုန် ပညာသင်ယူနေစဉ် အတွင်း ပညာရေးအတွက် မိဘဘိုးဘွားတွေက ပညာရေးအတွက် အများကြီးပ့ံပိုး ပေးခဲ့သလို ပညာရေးပဲအာရုံစိုက်စေ ခဲ့ကြောင်းဆိုပါတယ်။

“ “ည”အဖေက လုုံးဝ သဘောမတူဘူး “ည”သရုပ်ဆောင် လုုပ်တာကိုု။ “ည”အမေကကျတော့ သူကိုယ်တိုင် သရုပ်ဆောင်အရမ်း ဖြစ်ချင်ခဲ့တာဆိုတော့ “ည”သရုပ် ဆောင်လုပ်တာ အရမ်းပ့ံပိုးပေး တယ်။ “ည”က ဒီလောကထဲ တစ် ယောက်တည်း လုပ်ရတာမဟုတ် နောက်မှာ အမေက “ည”ရဲ့ အကျႌ အဝတ်အစား မိတ်ကပ်ဆံပင်ဖိနပ် အကုန်လိုတာမှန်သမျှ ဆင်ပေးတယ်။ခုနပြောခဲ့သလိုပေါ့။ အမေ က “ည” မွေးကတည်းကနေ ခုချိန်ထိ ပ့ံပိုးမှုပေးတုန်း။ “ည”ရှုတင်ဆိုလည်း အမေကထိုင်မနေဘူး။ “ည” သရုပ်ဆောင်တာ သူကြည့်နေတာ ဘယ်လောက်ထိကြည့်လဲဆို “ည”က အနူး မကြည့်နဲ့တော့လို့တောင်ပြောယူ ရတယ်။ “ည”သရုပ်ဆောင်တာလိုနေရင်လည်း အသေးစိတ် ဝေဖန်တာ “ည”က မသိဘူးဆို သွားကင်မရာမှာ သွားကြည့်ဆိုပြီး ပြောတာ။ “ည”စပွန်ဆာက “ည”ရဲ့ မိဘပါပဲ။ “ည”ရဲ့ အဖေက ငွေထုတ်ပေးတာ အမေက အသေးစိတ် လိုက်ဂရုစိုက် ပြင်ဆင် ပေးတာလေ”လို့ 8 Days အင်တာဗျူးမှာပြောကြားထားပါတယ်။

Aung

သတင်းအရင်းမြစ် 8 Days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။