သူလေးကတော့ ကမ္ဘာကျော်ဘောလုံးသမားဟောင်း အင်္ဂလန်နိုင်ငံသား ဒေးဗစ်ဘက်ခမ်းရဲ့ လမ်းစဉ်ကိုလိုက်မယ့် သားတစ်ဦးပါပဲ.။

အဲ့ဒါကတော့ တက်တူးထိုးတာ ၀ါသနာပါလွန်းတဲ့ ဘက်ခမ်းရဲ့ သားအကြီးဖြစ်တဲ့ မော်ဒယ် ဓာတ်ပုံဆရာလေးဖြစ်သူ ဘရွတ်ကလင်း ဘက်ခမ်းဟာ သူ့ရဲ့ဖခင်လိုပဲ တက်တူးထိုးရတာနှစ်သက်တဲ့ပုံပါပဲ။

ဆယ်ကျော်သက်ကောင်မလေးတွေအသဲစွဲဖြစ်တဲ့ ခန့်ချောလေး ဘရွတ်ကလင်း ဟာ သူ့ရဲ့ (၆)ခုမြောက်တက်တူးအသစ်လေးကို လူမှုကွန်ရက်မှာ ထုတ်ကြွားလိုက်တာပါ။

ဧပြီလကမှ ပထမဆုံးတက်တူးထိုးထားတဲ့ ဘရွတ်ကလင်းဟာ လက်ရှိသူ့ရဲ့ တက်တူးအသစ်လေးဖြစ်တဲ့ နှင်းဆီပွင့်တက်တူးလေးကိုမြင်အောင် အင်စတာဂရမ်ကနေ အပေါ်ပိုင်းဗလာနဲ့ ပုံတင်ထားတာဖြစ်ပါတယ်။

လက်ရှိမှာ ဘရွတ်ကလင်းဟာ ဂျက်စတင်ဘီဘာရဲ့ရည်းစားဟောင်းတစ်ဦးနဲ့ တွဲခုတ်နေတာဖြစ်တယ်လို့ အင်္ဂလန်နိုင်ငံက သတင်းမီဒီယာတွေက ရေးသားဖော်ပြထားကြပါတယ်။

တက်တူးထိုးတာ ဆော်ကြည်တာကတော့ သူ့ရဲ့ ဖခင်နဲ့ တထေရာတည်းလို့ ပြောရမှာပါပဲ။  

သတင်းအရင်းမြစ် mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။